11 [Z+U]

99 7 0
                                    

Complicated 11

အခုတလော  မင်းသီဟတစ်ယောက် မြတ်မင်းခံ့ကို တော်တော်လေးရှောင်ဖြစ်နေသည်။ တိတိကျကျပြောရပါလျှင် သူ ပြည့်လျှံနှင့်စကားပြောပြီးကတည်းကဖြစ်၏။

အတန်းထဲမှာ  မင်းသီဟကမင်းသီဟလို့မထင်ရလောက်အောင်ကို ငြိမ်ကုပ်နေပြီး မြတ်မင်းခံ့ဆီကို အတတ်နိုင်ဆုံး မျက်စိမရောက်အောင်နေသည်။ သူသွားမည့်လမ်းမှာ မြတ်မင်းခံ့ရှိနေလျှင် တခြားလမ်းကသွား၏။ မထင်မှတ်ဘဲ မျက်နှာချင်းဆိုင်တွေ့ရတော့မည်ဆိုလျှင် တစ်နေရာရာမှာဝင်ပုန်းလို့ရှောင်နေတတ်ပြီး မဖြစ်မနေ ဘေးချင်းဖြတ်၍သွားရတော့မည်ဆိုလျှင် သူကပင် အလျှော့ပေးလို့လမ်းဖယ်ပေးမိသည်။

ထိုသို့သောအချိန်များ၌ ငြိမ်ငြိမ်အေးအေးရှိသည့်မြတ်မင်းခံ့မျက်နှာမှာ တည်ငြိမ်ရိပ်ကပျောက်မသွားသော်လည်း မျက်လုံးထောင့်ကပ်ပြီး သူ့ကိုစစ်ဆေးသလိုကြည့်တတ်သည်ကို မင်းသီဟသိသည်။ ' ဒီကောင်ထူးဆန်းနေတယ် ' လို့တွေးနေမှာကိုလည်းသိသလို ' တစ်ခုခုကြံနေတာများလား ' လို့တွေးနေမှာကိုလည်း မင်းသီဟသိ၏။

သို့သော် မင်းသီဟမသိသည်မှာ မိမိကိုယ်တိုင်ဖြစ်သည် ။ ရုတ်တရက်ဆိုသလိုဝင်ရောက်လာသည့် မြတ်မင်းခံ့ဆီမှမကြည်မသာဆက်ဆံခံရသူမဖြစ်လိုသောစိတ်ဟာ မင်းသီဟကို လွှမ်းမိုးနေသည်။ တစ်လောကလုံးကို ကြည်ကြည်သာသာဆက်ဆံနိုင်သော်လည်း သူ့ကိုတော့မကြည်ဖြူနိုင်သလိုသဘောထားရှိသည့်မြတ်မင်းခံ့က သူ့ကိုကြည့်တိုင်း မျက်ခုံးလှလှတွေကျုံ့သွားတတ်ပြီး နဂိုကြည်လင်သောမျက်နှာမှာ အလိုမကျမှုတွေဖုံးလွှမ်းတတ်လာတာကို  မင်းသီဟ လက်မခံနိုင်ဖြစ်လာသည်။ မကျေမနပ်ဖြစ်လာသည်။

သို့သော်  ထိုမကျေနပ်မှုအား မည်သို့မည်ပုံဖြေရှင်းပြီး အဖြေထုတ်ရမည်မသိ၍ ပြည့်လျှံပြောသလို မြတ်မင်းခံ့ကို သူလွှတ်ပေးထားမိသည်။

အကြည့်ချင်းလိုက်မပြိုင်ရာမှစလို့  စာလုမဖြေသည်အထိ  ၊ ရန်သွားသွားစတတ်သည်မှအဆုံး ယခင်က မြတ်မင်းခံ့နှင့်ဖက်ပြိုင်ခဲ့သမျှကိစ္စများအားလုံးကို မင်းသီဟ မျက်နှာလွှဲထားသည်။

99 Où les histoires vivent. Découvrez maintenant