13 [Z+U]

80 5 6
                                    

Complicated 13

ထူးဆန်းသည့်အခြေအနေအမျိုးမျိုးပြောင်းလဲသွားပြီးနောက်မှာ သူနှင့်မင်းသီဟ ပုံမှန်အနေအထားသို့ပြန်ရောက်သွားသည် ။ မင်းသီဟက သူ့ကိုရှောင်မနေတော့သလို အလျှော့မပေးတော့ဘဲ သူနှင့်တွေ့လျှင် မျက်နှာထားက ပိုတင်းလာ၏။  အတန်းထဲမှာ စာလုမဖြေတော့သလို အကြည့်ချင်းတောင်စစ်မခင်းတော့သည့်မင်းသီဟက လမ်းမှာမျက်နှာချင်းဆိုင်တွေ့ရပြီး ပခုံးချင်းရှောင်သွားရလျှင်တော့ တိုက်သွားတတ်လာသည်။  အရင်လို ရန်မဆောင်တော့သည့်တိုင် သူတို့နှစ်ယောက်ကြားတင်းမာနေသော သည်အခြေအနေကို မြတ်မင်းခံ့ ပိုသဘောကျပါ၏။

​ သူ့စိတ်ထဲ ထူးထူးခြားခြားရောက်ရောက်လာတတ်သည့်ပြောင်းလဲခဲ့ဖူးသူမင်းသီဟထက်  ယခင်လိုရန်ဖြစ်ဖက်မင်းသီဟက သူ့စိတ်ကိုထိန်းချုပ်ရပိုလွယ်စေသည်။  သူ့မှာ ညစဉ်တရားထိုင်တိုင်း ​ပြောင်းလဲနေခဲ့သည့်မင်းသီဟကိုပဲ တွေးတွေးမိနေလို့ ဘယ်လောက်တောင်ဒုက္ခရောက်ခဲ့သေးလဲ။  ယခုလို သူနှင့်မင်းသီဟကြားမှာ ပြန်လည်တင်းမာသွားတော့ ခေါင်းရှုပ်စရာမရှိတော့ဘဲ နေသာထိုင်သာရှိလာသည် ။

အတန်းတူသော်လည်း သူငယ်ချင်းမဟုတ်သလို တစ်လမ်းတည်းနေသည့်တိုင် စိမ်းသက်ကြသည့်သူနှင့်မင်းသီဟ။ လမ်းမှာတွေ့လျှင် နှုတ်ဆက်ပြုံးပြစရာမလိုပါဘဲ တစ်ခါမှမမြင်ဖူးမတွေ့ဖူးကြသလို ပခုံးချင်းတိုက်သွားနိုင်သည့် သူနှင့်မင်းသီဟ။ တစ်ယောက်ကိုတစ်ယောက်ရန်မဆောင်တော့သည်တိုင် တစ်ယောက်ကိုတစ်ယောက် စိတ်အနှောင့်အယှက်ပေးနိုင်လွန်းသည့် တစ်ဦးတည်းသောရန်သူတွေဆိုတာကတော့ ကမ္ဘာတည်သရွေ့မှန်နေမည့်အမှန်တရားပင်။

မင်းသီဟဆေးလိပ်သောက်တာကို အိမ်ကိုတိုင်သည့်လူကသူပါလို့ မင်းသီဟထင်မြင်နေသည်ကို မြတ်မင်းခံ့နားလည်ပါသည်။ သို့သော် ရှင်းစရာမလိုသည့်ကိစ္စကို မရှင်းပြတတ်သလို မင်းသီဟဖြစ်နေ၍  မြတ်မင်းခံ့ ပိုလို့တောင်ရှင်းမပြချင်ပါ။ ဖြစ်နိုင်လျှင် မင်းသီဟနှင့်တစ်နေရာတည်းမှာမနေချင်သလို လေတောင်အတူမရှူချင် ။ ထိုမျှလောက် မင်းသီဟအပေါ်အမြင်မကြည်သဖြင့်  မင်းသီဟကလည်း သူ့အပေါ်မုန်းတီးနေလျှင် သူကျေနပ်သည်။

99 Where stories live. Discover now