5 [Z+U]

123 10 4
                                    

Complicated 5

" ပြည့်လျှံ မင်းဆွဲကြိုး..."

သူ့လည်ပင်းကိုလက်ညှိုးထိုးပြီးဆိုလာသည့် ကြည်သာ၏စကားမှာ ပြည့်လျှံ အထိတ်တလန့်နှင့်ကိုယ့်လည်ပင်းကိုယ်စမ်းလိုက်မိသည် ။ ပိုကြိုးနှင့်တွဲ၍ဆွဲထားသည့်လက်စွပ်ကွင်းလေးကိုစမ်းမိကာမှ စိတ်ချလက်ချနှင့်ဟူးခနဲလေမှုတ်ထုတ်လိုက်မိ၏။

" မင်း..."

ပြုံးစိစိလုပ်နေသည့်ကြည်သာ့ကို အံကြိတ်ပြလိုက်သည့်အခါ " ငါက လှတယ်လို့ပြောတာ " ပါဟု ရယ်ချင်နေသည်အားထိန်းထားရသည့်မျက်နှာနှင့်ဆိုလာပုံက ထရိုက်ချင်စရာ ။ နောက်တုန်းကနောက်ပြီး အထုခံရမှာကြောက်သည့်ကြည်သာက  နောက်ကိုတလှည့်ကြည့်ကြည့်နှင့် သူ့အနားမှထွက်သွားသည်။

ထိုပိုးကြိုးနှင့်လက်စွပ်တွဲ၍ဆွဲထားသည့်ဆွဲကြိုးကို သူ တန်ဖိုးထားယုယမှန်းသိသဖြင့် ကြည်သာက ခဏခဏစသည် ။ စနောက်တိုင်းလည်း သူ့မှာ သတိလက်လွတ်နှင့်ခံရ၏ ။

လည်ပင်းရှိဆွဲကြိုးမှလက်စွပ်လေးကို သေချာအောင်စမ်းကြည့်ရင်းမှ ပြည့်လျှံ ကြည်နူးစိတ်နှင့် နှုတ်ခမ်းတို့က အလိုလိုတွန့်ချိုးသွားမိသည် ။ သည်လက်စွပ်လေးက ရာရာဟာသူ့သက်ဆိုင်သူဆိုတာကို အမြဲတစေအသိပေးနေပြီး အလွမ်းလည်းပြေစေသည်ပင် ။ ၁၀ တန်းစာမေးပွဲတွေမဖြေခင် ရာရာ့ကိုတစ်ခေါက်လောက်တော့သွားတွေ့ဦးမည်ဟု စိတ်ကူးထား၏ ။ စာမေးပွဲဖြေပြီးလျှင်တော့ ရာရာ့ကို သူ့သူငယ်ချင်းများနှင့်မိတ်ဆက်ပေးမည်ဟုလည်း ရည်ရွယ်ထားသည် ။

အနာဂတ်မှာသူ့သက်ဆိုင်သူဖြစ်လာမည့်ရာရာ့ကို သူ့သူငယ်ချင်းများနှင့်လည်းခင်မင်စေချင်ပါသည်။

အသားညိုညို ၊ မျက်ဝန်းရိုးရိုးနှင့်အပြုံးချိုချိုလေးကိုပိုင်ဆိုင်ထားသည့်ရာရာ့ကို လျှံ သိပ်သတိရနေသည် ။

~~~~~

ပြည့်လျှံ ဓာတုဗေဒများ revision ပြန်လုပ်ပြီးချိန်တွင် အချိန်အားဖြင့် ၉ နာရီခွဲပြီဖြစ်သည် ။ အညောင်းအညာထဆန့်ရင်း ရာရာ့ဆီဖုန်းဆက်ရမလား ဝေခွဲမရဖြစ်နေသည်မှာ ဆယ့်ငါးမိနစ်ကြာပြီးနောက် မျက်လုံးစုံမှိတ်ပြီး ရာရာ့အစ်မဟုမှတ်ထားသည့်ဖုန်းနံပါတ်ကို ဖုန်းခေါ်လိုက်သည်။

99 Onde histórias criam vida. Descubra agora