4 [ Z+U]

163 10 5
                                    

Complicated 4

" မြတ်မင်း ပေးခိုင်းလိုက်တာ  "

သူ့ရှေ့သို့  ပြည့်လျှံချပေးလာသည့်အိတ်လေးကိုဖွင့်ကြည့်လိုက်တော့  ခံ့ကို သူငှားလိုက်သည့်စာအုပ်များဖြစ်သည် ။ ဘာလို့ကိုယ်တိုင်ပြန်မပေးလဲဟူသည့်စိတ်နှင့် မင်းသီဟ ထောင်းခနဲဖြစ်သွားပြီး ပြည့်လျှံဘက်သို့ ထိုအိတ်ကိုတိုးပေးလိုက်သည့်အခါ ပြည့်လျှံက နားမလည်သလိုကြည့်သည် ။

" သွားပြန်ပေးလိုက်  ကိုယ်တိုင်လာပေးလို့..."

" ဘာ... "

နားမလည်သည့်မျက်နှာထားနှင့်ပြည့်လျှံက မျက်မှောင်ကြုတ်နေလျက်။

" ဒီစာအုပ်တွေ ခံ့ကိုသွားပြန်ပေးလိုက်လို့ ...  ငါ့ကို ကိုယ်တိုင်လာပေးလို့ပြော...အ "

သင်္ချာဖတ်စာအုပ်နှင့် သူ့ခေါင်းကိုရိုက်သည့်ပြည့်လျှံက အံတောင်ကြိတ်ထားသည် ။

" မင်းတို့အခိုင်းအစေများမှတ်နေလား ငါ့ကို... တစ်ယောက်ကလည်း  မင်းသီဟကို ပေးပေးတဲ့ ...  စကားပြောတာ ပြတ်ပြတ်ကြီးနဲ့ ။ ဒီကောင်ကျတော့လည်း အမိန့်သံနဲ့ ငါ လုပ်ထည့်လိုက်ရ ....  "

ပြည့်လျှံ ပွစိပွစိပြောပြီးထသွားသည့်အခါ တစ်ဖက်ခုံတန်း၏ဟိုဘက်အစွန်းတွင်ထိုင်သောခံ့ကို မင်းသီဟ ကြားခံနယ်မရှိဘဲ မြင်လိုက်ရသည် ။

" ဟေ့ကောင်... "

သူ့စားပွဲခုံခြေထောက်ကို ​ခြေထောက်နှင့်ပါကန်လိုက်သဖြင့် ခံ့က စူးခနဲကြည့်လာ၏ ။ 

" ကိုယ့်ဘာသာလာပေး..."

မင်းသီဟ  သူ့အရှေ့ရှိစာအုပ်ထုပ်ကို ခံ့၏စားပွဲပေါ်သို့တင်ပေးလိုက်သည် ။ ဘော့ပင်ကိုလက်တွင်ကိုင်ထားပြီး စာရေးနေပုံရသည့်ခံ့က သူ့ကိုစိတ်ကုန်သလိုကြည့်လာသည်မှာ ထထိုးချင်နေသည့်နှယ် ။

" ဘာတွေလာရှုပ်နေတာလဲ "

" မင်းငှားတုန်းကငှားသွားပြီး ကိုယ့်ဘာသာပြန်ပေးလေ "

စာအုပ်အိတ်ကို သူ့ရှေ့ရောက်အောင်တိုးပေးလိုက်သည့်အခါ ကျစ်ခနဲစုတ်သပ်လိုက်သည့်ခံ့က သူ့ကိုအရေးမစိုက်သလို တစ်ချက်ကလေးမှကြည့်မလာပါ ။

99 Where stories live. Discover now