ချူရှင်းရီက ငယ်ငယ်လေးကတည်းက ခုအချိန်ထိ စာတော်ထူးချွန်ကာ ဆရာဝန်ဖစ်လာတော့လည်း ဖိန်ဆရာဝန်က သူမဆရာ မဟုတ်ခဲ့ပေမယ့် သူမဆရာကလည်း ဖိန်ဆရာဝန်လိုထူးချွန်တဲ့သူဖစ်လေသည်
လုရန်က သူမပထမဆုံးတွေ့ရတဲ့ ထူးချွန်တဲ့ဆရာဝန်ဖစ်ကာ သူမ မသိမသာပဲဖစ်ဖစ် သိသိသာသာပဲဖစ်ဖစ် သူမခံစားချက်ကို လုရန်ကိုပြပေမယ့်လုရန် မသိချင်သာဆောင်ခဲ့သည်
သူမမှာ လုရန်ထက်ပိုကောင်းတဲ့ လိုက်တဲ့သူတွေရှိနေတာတောင် သူမမှာ လုရန်မှ လုရန်ဖစ်ခဲ့သည်
Mနိုင်ငံမှာ တူတူတာဝန်ကျတုန်းက သူမကြိတ်ပျော်ခဲ့ရကာ လုရန်ပြန်သွားတော့လည်း လုရန်နောက်ကို သူမထပ်လိုက်ခဲ့သည်
ပြန်ရောက်လာတော့ လုရန်ကို ပထမဆုံးဖုန်းဆက်ကာ နေဖို့နေရာရှာဖို့နဲ့ အကြောင်းပြပီးဆက်သွယ်ခဲ့ကာ သူမပြန်လာပီဖစ်ကြောင်း သိအောင်ပြောခဲ့ပေမယ့်လည်း လုရန်ဆီက ငြင်းခြင်းခံခဲ့ရတဲ့အပြင် Qဝင်နေတုန်းမှာရော ဆေးရုံရောက်တော့ရော လုရန် ကောင်မလေးတယောက်နဲ့တွဲနေကြောင်းသိခဲ့ရသည်
အဲ့ကတည်းက ချူဆရာဝန် စကားတချို့ကိုနားလည်ခဲ့ရသည်
'အချိန်မရှိလို့ ရီးစားမထားနိုင်တာမဟုတ်ဘဲ မချစ်လို့ သူမကို အချိန်မပေးနိုင်တာဖစ်သည် တကယ်လို့ ယွမ်ရှ မရှိခဲ့ရင်တောင် သူမဆိုတာဖစ်နိုင််မှာမဟုတ်ပေ'
လုရန် အဲ့နေ့က အိမ်ပြန်တဲ့လမ်းမှာ ရှရှကိုသေချာရှင်းပြခဲ့ပေမယ့်လည်း ချူရှင်းရီနဲ့လုရန်က ဌာနမတူတာကြောင့် အထူးတလည်တွေ့စရာအကြောင်းတော့မရှိပေ
ဒါပေမဲ့ ထိုနေ့ကစပီး ရှရှ လုရန်တို့ဌာနဘက်ကို မရောက်ဖစ်တော့ပေ
သူမကို ကြည့်မရတဲ့သူတယောက်ရှေ့မှာ အမြင်ကပ်ခံပီးတော့ သူမမသွားချင်ပေ
-
-
-
ရှောင်ရှောင်ရှီး ကိုယ်ဝန်က ခုချိန်ဆိုရင် လရင့်နေပီဖစ်ကာ ချင်းရွှယ်ကို campထွက်ချင်သည်ဟု ပူဆာနေတာကြောင့် ချင်းရွှယ် မတက်နိုင်စွာနဲ့ပဲ လုရန်တို့ကိုပါအဖော်ခေါ်လိုက်သည်"ရှရှ သွားချင်လား"
လုရန် ဖုန်းချလိုက်ကာ ရှရှကို ကြည့်လိုက်တော့ ငိုင်နေတာတွေ့တာကြောင့် မေးလိုက်သည်
YOU ARE READING
Dear uncle doctor🩺(Complete)
Romance*လုရန်(မျက်စိအထူးကုဒေါက်တာ)* "ရှရှ သူ့ဘေးမှာဘယ်သူမှမရှိဘူး ကျွန်တော်တယောက်ပဲရှိတာ ကျွန်တော်သူ့ကိုတသက်လုံးစောင့်ရှောက်မယ်လို့ကတိပေးထားတာ သူ့ကျွန်တော်ဆီကိုလာဖို့၉နှစ်လောက်ကြိုးစားခဲ့တာ ခုမှကျွန်တော်ဘေးပြန်ရောက်လာတာ" *ယွမ်ရှ* "နောက်နှစ်...