Chapter - 4

247 47 16
                                    

(Unicode)

ထယ်ယောင်းအိပ်ယာနိုးလာတော့ သူ့တကိုယ်လုံးက ရင်ခွင်ကျယ်တစ်ခုထဲမှာ နစ်မြုပ်နေတာကို သတိထားမိလိုက်တာကြောင့် ပြုံးလိုက်မိတယ်...။ သူ့ရဲ့ယောင်္ကျားက ဖက်စရာတစ်ခုခုမပါရင် မအိပ်တတ်တဲ့သူ့ကို အမြဲဖက်ထား‌ပေးပြီးမှ အိပ်တတ်တာလေ...။

တညလုံးသူ့ကို လက်မောင်းပေါ်ခေါင်းအုံးအိပ်စေတာကြောင့် နာကျင်နေတော့မှာပဲလို့ တွေးလိုက်မိတာကြောင့် ထယ်ယောင်းလည်း သူ့ခေါင်းကိုအသာကြွလိုက်ကာ ဘေးမှာရှိနေတဲ့ခေါင်းအုံးကို ဆွဲယူလိုက်တယ်...။ ဘယ်လောက်ပဲငြင်ငြင်သာသာလုပ်ပါစေ အအိပ်ဆတ်တဲ့ယွန်းဂီကတော့ နိုးသွားခဲ့လေပြီ...။

"မောနင်း ယောင်း... နိုးနေတာကြာပြီလား...??"

"ခုမှနိုးတာပါ... ယောင်္ကျားရဲ့လက်မောင်းတွေ နာနေမှာစိုးလို့ ဖယ်ပေးမလို့ပါ"

"ရပါတယ်ဗျာ... မနာပါဘူး... ကိုယ့်အနားလာပါဦး... နမ်းချင်လို့"

ထိုစကားကြောင့် ထယ်ယောင်းလည်းလှစ်ခနဲပြုံးလိုက်ရင်း အနားကိုတိုးသွားလိုက်တယ်...။ ယွန်းဂီပေးတဲ့အနမ်းတွေကို ကျေနပ်စွာခံယူရင်း တစ်ချက်တစ်ချက်သူကပါ ပြန်နမ်းပေးလိုက်တယ်...။ ၂ယောက်အတူတူနိုးထရတဲ့ မနက်ခင်းတွေက သိပ်ကိုတန်ဖိုးရှိလွန်းတယ်လေ...။

"ယောင်္ကျားဒီနေ့ အချိန်ပိုင်းအလုပ်သွားရဦးမှာလားဟင်...??"

"ဒီနေ့နားတယ်လေ... ယောင်းကိုဆေးရုံလိုက်ပြပေးရမှာကို"

"မှတ်မိတယ်ပေါ့လေ"

"မှတ်မိတာပေါ့... ကိုယ်ဘယ်လောက်အလုပ်များများ ယောင်းနဲ့ပတ်သတ်တာဆို မမေ့ပါဘူး"

ထယ်ယောင်းလည်း ကြည်နူးစိတ်ကြောင့် ယွန်းဂီကိုလှမ်းနမ်းလိုက်ပြန်တယ်...။ အချိန်ပိုင်းအလုပ်တွေ ဆက်တိုက်လုပ်နေတဲ့ယွန်းဂီက သိသိသာသာပင် ပိန်ကျသွားခဲ့တယ်...။ ဒါကြောင့် ထယ်ယောင်းပိုပြီးစိတ်မကောင်းဖြစ်ရတယ်...။

"ယောင်း ကိုယ်လက်မအီမသာဖြစ်တာတွေရှိလားဟင်...?? ကိုယ်က အမြဲဘေးမှာမရှိပေးနိုင်တော့ ယောင်းအတွက်စိတ်ပူတယ်"

Unstoppable Marriage Where stories live. Discover now