(Unicode)
ဂီယောင်းလေးက ဂျီမင်းကိုပါပါးလို့ခေါ်နေတာကို ယွန်းဂီတို့တစ်အိမ်လုံးကပါ သိရှိသွားကြတဲ့နောက်မှာတော့ ယွန်းဂီကို ဂျီမင်းနဲ့စနောက်ကြတော့တာပဲ...။ အဆိုးဆုံးက ယွန်းဂီရဲ့ညီမ ဆိုဟွန်းပေါ့...။
"ကိုကြီးတို့နှစ်ယောက်က အရမ်းကိုလိုက်ဖက်တာ... ကလေးကလည်း ပါပါးလို့ခေါ်နေပြီဆိုတော့ ကိုကြီးတို့လက်ထပ်ကြဖို့ပဲ လိုတော့တယ်"
"မင်ဆိုဟွန်းရယ် ပေါက်တတ်ကရတွေပြောတာ ရပ်ပါတော့... ဂျီမင်းကြားရင် အားနာစရာကြီး... သူများက လူပျိုလေး... ငါ့လိုကလေးတစ်ယောက်အဖေနဲ့ ဘယ်လိုမှမလိုက်ဖက်တာကို"
ယွန်းဂီအရင်ကတော့ သူ့ညီမက ဂျီမင်းကိုသဘောကျနေတာလို့ ထင်ခဲ့မိတာပင်...။ အခုကျတော့မှ ဘယ်ဟုတ်မလဲ...။ သူမက ဂျီမင်းကို ခဲအိုတော်ချင်နေခဲ့တာတဲ့လေ...။ ခုဆိုရင် ဆိုဟွန်းရဲ့လျှောက်ဖွမှုကြောင့် ယွန်းဂီရဲ့ညီရော အမေကပါ ဂျီမင်းကို ယောက်ဖလေး၊ သားမက်လေး အစရှ်ိသဖြင့် ခေါ်ဝေါ်နေကြလေပြီ...။
ဒါတင်ဘယ်ဟုတ်မလဲ...။ ဂီယောင်းလေးကလည်း ဂျီမင်းက သူ့ပါပါးဖြစ်ပြီး တစ်ချိန်ကျရင် သူရယ်ဂျီမင်းရယ်ယွန်းဂီရယ် တစ်အိမ်တည်းအတူနေကြပြီး ဂျီမင်းက သူ့အတွက် အငယ်လေးတွေမွေးပေးမယ်ဆိုပြီးပါ လျှောက်ပြောနေသေးတာ...။
"ဒီအင်္ကျီက ဂီယောင်းနဲ့မတော်တော့ဘူး... ညီလေးအတွက် ထားထားမယ်"
"ဘယ်က ညီလေးလဲ ဂီယောင်းလေးရဲ့"
"ပါပါးဂျီမင်းမွေးပေးမှာလေ... ပါပါးက ဒယ်ဒီနဲ့လက်ထပ်ပြီး ဂီယောင်းလေးအတွက် ညီလေးတွေ ညီမလေးတွေ မွေးပေးမှာ"
ထိုစကားကိုစကြားတုန်းက ယွန်းဂီတော်တော်လေးကို ရှော့ရသွားခဲ့တာပင်...။ ထယ်ယောင်းနဲ့ကွာရှင်းပြီးကတည်းက နောက်အိမ်ထောင်ပြုဖို့ကိုလည်း မတွေးခဲ့ဘဲ ဂီယောင်းလေးကို သူတစ်ယောက်တည်းပြုစုပျိုးထောင်ဖို့ ဆုံးဖြတ်ခဲ့တာပင်...။ ဒါကလည်း ဂီယောင်းလေးကို ပထွေး ဒါမှမဟုတ် မိထွေးနဲ့ မထားချင်သောကြောင့်ပင်...။
အခုတော့ သူတစ်ခါမှမတွေးဖြစ်ခဲ့တဲ့ကိစ္စကို တစ်အိမ်သားလုံးက အစဖော်နေကြလေပြီ...။ ပြီးတော့ တခြားသူနဲ့လည်းမဟုတ်...။ သူနဲ့အရင်းနှီးဆုံးသူငယ်ချင်းအဖြစ်ရှိနေခဲ့တဲ့ ဂျီမင်းနဲ့ သဘောတူနေကြတာပင်...။
YOU ARE READING
Unstoppable Marriage
FanfictionA successful marriage requires falling in love many times, always with the same person. But if not, become unstoppable marriage.