"ထနောင်းပြန်လွတ်လာပြီတဲ့ဟေ့ "
ဒီသတင်းဟာ ရွာထဲတခဏအတွင်း ပျံ့နှံ့သွားသည်။
ထိုသတင်းနှင့်အတူ သတင်းဟောင်းတွေကအသစ်
ပြန်ဖြစ်လာပေလိမ့်ဦးမည်။"ထနောင်းပြန်လွတ်လာပြီဆိုတာနင်သိလား
လက်ပံ...သူအခုသူကြီးအိမ်မှာရောက်နေတယ်""ငါသိပြီးပြီ လဲ့ရည် "
"သူဘယ်မှာနေမလဲမသိဘူးနော် နင့်အမေက
သူ့ကိုအိမ်မှာပြန်လက်ခံပါ့မလား...""နင်တို့လဲအမေ့အကြောင်းသိရဲ့သားနဲ့ ဒီအတော
တွင်း ငါသူ့ကိုနားချတာတောင်ဘယ်မှာရလို့လဲ""အေးလေ..အရီးလေးက အညှိုးကြီးလွန်းပါ
တယ်ဟယ် ထနောင်းခမျာ သနားပါတယ်..
တကယ်ဆို....သူထောင်ကျတာကလည်း..."လဲ့ရည်က စကားကိုဆက်မပြောသေးပဲ လက်ပံ
ရဲ့မျက်နှာရိပ်မျက်နှာကဲကို ကြည့်လေသည်။
လက်ပံ အချိုမှုန့်တွေကို ပလက်စတစ်အိတ်
လေးထဲ ထမင်းစားဇွန်းနှင့်ထည့်ကာ ချိန်ခွင်ထဲ
ထည့်ချိန်လိုက်ပြီးနောက် ကြိုးနှင့်ချည်လိုက်သည်။"ငါ...သူ့ကို..ဘယ်လိုမျက်နှာပြရမှန်းတောင်မသိ
ဘူး လဲ့ရည်...သူငါ့ကိုမုန်းများမုန်းသွားပြီလား
မသိဘူး...""နင် သူ့ကိုတောင်းပန်ကြည့်ပေါ့ လက်ပံရယ်
ထနောင်းက အဲ့လောက်လဲ သဘောထားမသေး
ပါဘူး..."လက်ပံက ငူငူငိုင်ငိုင်နှင့် ချိန်ခွင်ကိုအကြောင်းမဲ့
ငေးကြည့်နေရင်းက ခေါင်းခါလိုက်သည်။"ငါတို့သားအမိနှစ်ယောက် သူ့အပေါ်ကို
ရင့်ရင့်သီးသီးပြောဆိုဆက်ဆံခဲ့တာတွေက
တစ်ခါနှစ်ခါမှ မဟုတ်တာ...
ပြီးတော့ သူတကယ်အခက်အခဲဖြစ်နေတဲ့အချိန်မှာ
ငါက...ငါက...."လက်ပံ စကားကိုဆက်မပြောနိုင်ပဲ ရပ်လိုက်သည်။
"စိတ်မကောင်းမဖြစ်ပါနဲ့ လက်ပံရယ်..
သူကိုယ်တိုင်ကိုက နင့်ကိုကာကွယ်ပေးခဲ့တာပဲ
သူစိတ်ဆိုးမယ်မထင်ပါဘူး...""ဒါပေမယ့်..အားလုံးကသူ့ကို ထောင်ထွက်ဆိုပြီး
ဝိုင်းနှိမ်ကြရင်ဘယ်လိုလုပ်မလဲ...
ငါ့ကြောင့် သူ့ကို အားလုံးရဲ့အနှိမ်ခံမဖြစ်စေချင်ဘူး
လဲ့ရည်ရယ်..."
YOU ARE READING
ရွှေစွန်ညို ဘာကိုလိုလို့ ဝဲပါတယ်
Romanceချစ်ခြင်းမေတ္တာက အမုန်းတရားကို အနိုင်ယူနိုင်တယ်ဆိုတာ ယုံလား။