ရွှေစွန်ညို ဘာကိုလိုလို့ ဝဲပါတယ် -၈

596 63 0
                                    

လက်ပံ ထနောင်းကိုယ်ပေါ်ကို ပြိုလဲကျသွားပြီး
သူမနှာခေါင်းက ထနောင်းရဲ့ဘယ်ပါးပြင်ပေါ်ထိကပ်
သွားသလို ထနောင်းနှာခေါင်းကလဲ လက်ပံရဲ့ဘယ်
ပါးပြင်နှင့်ထိကပ်သွားသည်။

လက်ပံ ထနောင်းကိုယ်ပေါ်ကနေ ဖယ်လိုက်ပြီး
သူမပါးကို လက်နှင့်အုပ်လိုက်သည်။
ထနောင်းက အောက်ကပိထားသည့်အရှိန်နှင့်
တော်တော်နှင့်မထနိုင် ။
လက်ပံ ထနောင်းလက်ထဲက စာရွက်ကို ဖျက်ခနဲ
ဆွဲယူလိုက်သည်။

"လက်ပံ..."

ထနောင်း ထလိုက်ပြီး လက်ပံလက်ထဲက စာရွက်
ကို ပြန်လုလိုက်သည်။
လက်ပံက သူ့ကိုမပေးပဲ တစ်ဖက်သို့လှည့်သွားကာ
စာရွက်ကို ဖွင့်ဖတ်လိုက်သည်။
စာပေးသူက မည်သူမည်ဝါမှန်းမသိရ။ ရည်းစားစာ
ဆိုတာကတော့အမှန်ပဲ။

"လက်ပံ ပြန်ပေးပါ "

"ဒီစာနင့်ကိုဘယ်သူပေးတာလဲ "

"မသိဘူး...စာအုပ်ထဲပါလာတာ...
သူများဟာဖြစ်မှာပေါ့..."

"မဖြစ်နိုင်တာ...ဒီစာက နင့်ကိုပေးတဲ့စာမှန်း
သိသာနေတာကို... ပြီးတော့ နင့်နာမည်ကိုသိတဲ့
သူပဲ..."

"အဲ့ဒါတော့ ငါလဲမသိဘူးလေ "

ထနောင်း ကောက်ရိုးပုံကို မှီပြီးပြောလိုက်သည်။
လက်ပံက ထနောင်းကို မသင်္ကါဟန်နှင့်ကြည့်နေ
သည်။
ထို့နောက် ကာတွန်းစာအုပ်ကိုယူပြီး ကျောဘက်
ကိုကြည့်လိုက်သည်။

"ဆုံဆည်းရာဆိုတော့ ငါတို့ကျူရှင်ဘေးက
စာအုပ်ဆိုင်ပဲ..."

ထနောင်းက လက်ပံကို ကျူရှင်ကြိုပို့ရင်း ထိုဆိုင်
မှာ စာအုပ်ငှားဖတ်တတ်တာကို လက်ပံသိထားပေ
မယ့် အမှုမဲ့အမှတ်မဲ့သာ နေဖြစ်သည်။
အခုတော့ သူမ စောင့်ကြည့်ရမည့်ကိစ္စက ပေါ်
လာပြီ။
စာရေးထားပုံက ယောကျ်ားလေးကနေ မိန်းကလေး
ကို ရေးထားသည့်စာမဟုတ်ပဲ မိန်းကလေးကနေ
ယောက်ျားလေးကို ရေးထားသည့်ပုံဖြစ်နေသည်။
ထနောင်းပြောသလို သူ့ကိုပေးတာလဲ ဟုတ်ချင်မှ
ဟုတ်မည်ဆိုပေမယ့် ထနောင်းပင်အကြောင်း ဖွဲနွဲ့
သီကုံးထားသည့်စာတွေကတော့ ထနောင်းကိုညွှန်း
ထားသည်ဟု သံသယဝင်စရာ ဖြစ်နေသည်။
ဒီလိုနာမည်မျိုးက လူတိုင်းပေးတတ်ကြတာမှမဟုတ်တာ။

ရွှေစွန်ညို ဘာကိုလိုလို့ ဝဲပါတယ်Where stories live. Discover now