ရွှေစွန်ညို ဘာကိုလိုလို့ ဝဲပါတယ်- ၁၈

684 96 6
                                    

ထနောင်း ရေခပ်ပြီးပြန်လာတော့ လက်ပံကို မီးဖို
ချောင်ထဲမှာတွေ့လိုက်ရသည်။

"လက်ပံ ဘာလုပ်နေတာလဲ"

လက်ပံက ထနောင်းကို လှည့်ကြည့်လာသည်။
ပါးအောက်နားမှာ မီးခိုးတွေပေနေတာကြောင့်
ထနောင်း ရယ်လိုက်သည်။

"ဘာတွေလုပ်နေတာလဲ...မျက်နှာမှာလဲ ပေနေပြီ"

"ဟင်..."

လက်ပံက ထနောင်းကို မျက်ဝန်းလေးတွေ ဝိုင်းစက်
နေအောင်ကြည့်ပြီး လက်ခုံနဲ့ မျက်နှာကို သုတ်ဖို့
ပြင်တာကြောင့် ထနောင်း လက်ပံရဲ့လက်လေးကို
ဆွဲယူလိုက်ပြီး တားလိုက်သည်။

"ငါလုပ်ပေးမယ်..."

လက်ပံရဲ့မျက်နှာမှာ ပေနေသည့် အိုးမဲတွေကို
ထနောင်း လက်မလေးနှင့် ပွတ်၍ သုတ်ပေးလိုက်
သည်။

"ဘာချက်မလို့လဲ...လက်ကိုပူဦးမယ်"

"ကြက်ဥကြော်ပေးမလို့.."

"ငါကြော်လိုက်မယ်...ဖယ်..."

"ဟင့်အင်း...ငါလုပ်ပေးချင်လို့..."

လက်ပံက မီးဖိုရှေ့ကနေ ဖယ်မပေးပဲ ထနောင်းကို
တွန်းထုတ်ပြီးပြောသည်။
ဒယ်အိုးထဲ ဆီကဆူနေပြီမလို့ ​ကြက်ဥထည့်ဖို့
အဆင်သင့်ဖြစ်နေချေပြီ။

"ဆီပူမှန်မယ် ...ငါပဲလုပ်လိုက်..."

"ငါလုပ်ချင်လို့ပါဆိုနေ..."

လက်ပံက ကြက်ဥတစ်လုံးကို တစ်ဖက်လက်က
ကိုင်ထားပြီး တစ်ဖက်လက်က ဇွန်းခွက်ကိုကိုင်
ထားသည်။

နှုတ်ခမ်းစူနေပြီမလို့ ထနောင်း အလျှော့ပေးလိုက်
သည်။

လက်ပံက ကြက်ဥကို ဇွန်းခွက်နှင့်ရိုက်၍ ခွဲလိုက်
ပြီး ဒယ်အိုးထဲ ချလိုက်သည်။

"အ..."

ဆီဆူဆူထဲ ကြက်ဥအရည်ကျသွားသည်နှင့် ဆီ
ပွက်၍ လာမှန်တာကြောင့် လက်ပံ အော်လိုက်သည်။

"တွေ့လား...ပြောတယ်...မှန်း..."

ထနောင်း ဘေးကထိုင်ကြည့်နေရာမှ လက်ပံလက်ထဲ
က ဇွန်းခွက်ကိုလှမ်းယူလိုက်ပြီး လက်ပံရဲ့လက်ကို
ငုံ့ကြည့်သည်။

ရွှေစွန်ညို ဘာကိုလိုလို့ ဝဲပါတယ်Where stories live. Discover now