"ရွှေစွန်ညို
ဘာကိုလိုလို့ဝဲပါတယ်...""မထွေးလိုလို့ ဝဲပါတယ်..."
ရွာထိပ်ကွင်းပြင်မှာ ရွှေစွန်ညို ကစားနေကြသည့်
ကလေးတွေကိုလှမ်းကြည့်ကာ ထနောင်းပြုံးလိုက်
သည်။
ရေပုံးကို လှည်းမှာ ချိတ်လိုက်ပြီး လက်ပံကိုလှည့်
ကြည့်လိုက်တော့ လက်ပံက ကလေးတွေကို ထိုင်
ကြည့်ပြီး ရယ်နေသည်။"ဘာတွေရယ်နေတာလဲ... "
"ငယ်ငယ်ကအကြောင်း ပြန်စဥ်းစားမိလို့ပါ"
"ဘာလဲ...ငယ်ငယ်က ငညစ်လုပ်ခဲ့တဲ့အကြောင်း
တွေလား..."လက်ပံ နှုတ်ခမ်းလေးတစ်ချက်တွန့်ကာ ထနောင်း
ကိုမျက်စောင်းထိုးလိုက်သည်။"အလိုက်မသိတတ်တဲ့ လူကြီးကြောင့် ညစ်ရတာ
ပါနော်...""ငညစ်လေး..."
လက်ပံရဲ့ ပါးလေးနှစ်ဖက်ကို ဆွဲညှစ်၍ ဆိုလိုက်
သည်။"အခုတော့ အဲ့စွန်ကြီးက လွှတ်ကိုမပေးတော့ဘူး
အချိန်တိုင်းကို ခုတ်ချင်နေတာ..."လက်ပံ သူ့လက်နှစ်ဖက်က လက်ချောင်းတွေကို
ကုတ်ထားရင်း ပါးစပ်ကလဲ ကိုက်သည့်ပုံ လုပ်ပြ
တော့ ထနောင်း ခေါင်းမော့၍ အသံထွက်ကာ ရယ်လိုက်သည်။လက်ပံ ကျောင်းပြီးသွားပြီဖြစ်သည်။
ဘွဲ့ယူဖို့ စောင့်နေရတဲ့ကာလဖြစ်သည်။
မဆွယ်လဲ တရားစခန်းတွေ ပြန်ဝင်နေတာကြောင့်
အိမ်မှာ သူတို့နှစ်ယောက်က ထုံးစံအတိုင်း ဆိုင်
စောင့်တာဝန်ပေါ့။
ဆိုင်ကို ပို၍ ချဲ့လိုက်သည်။ ပစ္စည်းတွေ ပို၍
စုံစုံလင်လင် တင်ထားပေးသည်။ထနောင်းက တစ်ပတ်တစ်ခါ မြို့စျေးသို့သွားကာ
ကုန်တင်သည်။ အခု ကုန်တင်ဖို့ ထော်လာဂျီလေး
တစ်စီး ဝယ်ထားသည်။ထနောင်း လက်ပံ ရေချိုးပြီးရင် လိမ်းဖို့ သနပ်ခါး
သွေးပေးနေသည်။လက်ပံ ရေချိုးပြီး အခန်းထဲဝင်လာတော့ သနပ်
ခါးလူးဖို့ အဆင်သင့် ။ကျောကရေတွေကို သဘက်နဲ့သုတ်လိုက်ပြီး
ရေလျားနှင့် သနပ်ခါးလူးဖို့ ပြင်သည်။
YOU ARE READING
ရွှေစွန်ညို ဘာကိုလိုလို့ ဝဲပါတယ်
Romanceချစ်ခြင်းမေတ္တာက အမုန်းတရားကို အနိုင်ယူနိုင်တယ်ဆိုတာ ယုံလား။