"ဒွေးလှ မုန့်သုံးခုလောက်"
ဒီနေ့မနက် လက်ပံ မုန့်ပျားသလက်စားချင်တာ
ကြောင့် ရွာလယ်ပိုင်းက ဒွေးလှရဲ့ဆိုင်လေးဆီ
မုန့်လာဝယ်သည်။
တော်သေးသည် ဆိုင်မှာ လူကျမနေလို့။ စောင့်ရ
မှာဆိုးလို့ စောစောထွက်လာခဲ့တာမှန်သွားသည်။
အိမ်က အလုပ်သမားကလေးမကိုခိုင်းရင် ကြာ
နေမှာဆိုး၍ ကိုယ်တိုင်လာဝယ်ခြင်းဖြစ်သည်။"အေး သမီးလေး ခဏစောင့်ဦး "
ဒွေးလှက ပြောင်းဖူးဖက်ဆေးလိပ်ကြီးကို မီးညှိကာ
တစ်ချက်ဖွာလိုက်ရင်းပြောသည်။
လက်ပံ မီးဖိုလေးဘေးက သစ်သားဖင်ထိုင်ခုံလေး
တစ်ခုကိုဆွဲယူ၍ ထိုင်လိုက်သည်။ဒွေးလှက မုန့်လုပ်သည့်မြေခွက်လေးထဲ မုန့်နှစ်ကို
ထည့်လိုက်သည်။"ဒွေးလှ စောင့်ရဦးမှာလား..."
"အေး ကလေး သုံးခုစောင့်ရမယ် "
နောက်ကျောဘက်ကထွက်လာသည့် အသံကြောင့်
လက်ပံ ကိုယ်လေး တောင့်တင်းသွားသည်။
ထနောင်းက ပေါက်တူးလေးကိုထမ်းကာ ဆိုင်လေး
ရှေ့မှာရပ်လိုက်ပြီး ပေါက်တူးကို မြေကြီးပေါ်ချ
လိုက်သည်။ထိုအခါမှ လက်ပံကို သူတွေ့လေသည်။
လက်ပံက သူ့ကိုမော့ကြည့်မနေပဲ လက်လေးနှစ်ဖက်
ကို ဒူးပေါ်တင်၍ ထိုင်နေသည်။ပိုက်ဆံကိုင်ထားသော ဘယ်ဘက်လက်ရဲ့ လက်သူ
ကြွယ်မှာဝတ်ထားသည့် ရွှေလက်စွပ် မောင်းကွင်း
လေးကို ထနောင်း တွေ့သွားသည်။လက်ပံ ထနောင်းကို တစ်ချက်ခိုးပြီး မော့ကြည့်
သည်။
ထနောင်းက လက်ပံရဲ့လက်ကို စိုက်ကြည့်နေတာ
ကြောင့် လက်ပံ ဘယ်လက်ပေါ်ကို ညာဘက်လက်
နှင့်အုပ်ထားလိုက်သည်။သူစိမ်းတွေမဟုတ်ပါပဲ နှစ်ယောက်သား နေရခက်
နေကြသည်။
ရှောင်ထွက်သွားဖို့ကလဲ မသင့်တော့။ နှစ်ယောက်
သား တိတ်တဆိတ် နေမြဲတိုင်းသာ ဆက်နေနေ
လိုက်ကြသည်။"ကလေးက ဘယ်နှစ်ခုလဲ "
"သုံးခု ဒွေးလှ "
ထနောင်းက ဒွေးလှကိုမကြည့်ပဲ လက်ပံကို ကြည့်
ပြီးပြောသည်။
ဒွေးလှရဲ့မုန့်ပျားသလက်ကို သူတို့နှစ်ယောက်
ငယ်ငယ်ထဲက ကြိုက်ကြသည်။
အခုထိလဲ လက်ရာကမပြောင်းလဲ ။
ဒွေးလှဟုသာခေါ်နေတာ ဒွေးလှအသက်က
ခုနှစ်ဆယ်ကျော် ရှစ်ဆယ်နားနီးနေပြီ။
အခုထိ မုန့်လုပ်၍ ရောင်းနေနိုင်တုန်း။ကျန်းမာသည်။
YOU ARE READING
ရွှေစွန်ညို ဘာကိုလိုလို့ ဝဲပါတယ်
Roman d'amourချစ်ခြင်းမေတ္တာက အမုန်းတရားကို အနိုင်ယူနိုင်တယ်ဆိုတာ ယုံလား။