ဒီရက်ပိုင်း အလုပ်ပါးသည်။ ထနောင်း ယာထဲ
နေ့တိုင်းသွားစရာမလိုတော့။ မြေပဲနှုတ်ပြီးသွားပြီ
မလို့ ကျန်သည့်ကိစ္စက တခြားသူအပိုင်းဖြစ်သွား
ပြီ။လုပ်အားခလေးတွေ စုထားသည့်အထဲကမှ
လိုအပ်သည့် ဆန်၊ ဆီ၊ ဆားနှင့် ငါးခြောက် ၊ ငါး
ခြမ်းလေးဝယ်ထားသည်။ခြံဝန်းထဲ မြေကြီးတွေ သေချာပြန်ညှိ။ ပေါင်းတွေ
အကုန်ရှင်း ။ ခြံစည်းရိုးတွေ သေချာ ပြန်စိုက်။
တဲလေးထဲ အရင်လို ဗလာကျင်းမနေပဲ အခန်းလေး
တစ်ခန်း ဖွဲ့လိုက်သည်။တဲဘေးမှာ အဖီလေးဆွဲချကာ မီးဖိုချောင်လေး
လုပ်သည်။
လက်ပံ ရေချိုးရင် လုံလုံခြုံခြုံရှိစေဖို့ ထရံလေးတွေ
နှင့် ကာရံပေးထားသည်။အရင်ကဆို ထနောင်းက အလုပ်ကပြန်လာ ။
မိုးချုပ်မှ ရေချိုးသည်ကများတော့ အကြောင်းမရှိ။
လက်ပံကတော့ ထိုသို့မဟုတ်။ လူမြင်သူမြင်အချိန်
ဟင်းလင်းပြင်မှာ ရေချိုးရတော့ အဆင်မပြေချေ။
အထူးသဖြင့် ထနောင်းအတွက် အဆင်မပြေတာ
ဖြစ်သည်။လက်ပံရေချိုးနေချိန်ဆို သူက ပတ်ဝန်းကျင်ကို
ကျီးကန်းတောင်းမှောက် ခါးထောက်၍ ကြည့်နေ
တတ်သည်။
ခွေးတစ်ကောင် ကြောင်တမှီးမှ အနားက ဖြတ်မ
သွားစေရ။
ကိုရင်ငပွေးရဲ့သားတွေကိုတောင် အနီးအနားမှာ
လာမဆော့ခိုင်း။
ချော့မော့ပြီး တခြားနေရာ သွားဆော့ခိုင်းတတ်သည်။
အခုတော့ အကာအရံလုပ်ပြီးပြီမလို့ စိတ်ချထား
လို့ရပေပြီ။
ဒါတောင် သစ်ပင်တွေပေါ်ကများ ချောင်းကြည့်
နေမလားဆိုပြီး တွေး၍ စိတ်ပူတတ်သေးသည်။ညနေစာအတွက် အခင်းထဲက ဘူးညွန့်လေးတွေ
သွားခူးကာ အရည်သောက်လေးလဲရအောင် ကြော်ချက်လေးချက်ပြီး ငါးကျီးကန်းခြောက်လေး
မီးကင်လိုက်သည်။သူကြီးရဲ့စိုက်ခင်းက ပစ်ထားတာကြာပြီမလို့
ထနောင်း ဒီရက်လေးထဲ အချိန်ရရင်ရသလို
ပြန်လည်ပြုပြင် ပေါင်းသင်ထားရသည်။ဘူးပင်တွေကတော့ ကိုရင်ငပွေးတို့ကြည့်ထားလို့
ထင်သည်။
ဘူးသီးသိပ်မဖြစ်ပေမယ့် အညွန့်လောက်တော့
စားလို့ရသေးသည်။
YOU ARE READING
ရွှေစွန်ညို ဘာကိုလိုလို့ ဝဲပါတယ်
Romanceချစ်ခြင်းမေတ္တာက အမုန်းတရားကို အနိုင်ယူနိုင်တယ်ဆိုတာ ယုံလား။