ရွာလမ်းကအထွက် လမ်းမကြီးပေါ် စက်ဘီးကွေ့
လိုက်ချိန် ဟွန်းသံမပေးပဲ အနားရောက်လာသည့်
ကားတစ်စီးကြောင့် ထနောင်း စက်ဘီးကို လမ်းဘေး
သို့ ထိုးချလိုက်ရသည်။
မိုးက ဖြောက်တောက်ဖြောက်တောက်နဲ့မလို့ လမ်းဘေးပခုံးက မြေသားတွေက လျှောနေသည်။
ဆည်ရေလွှတ်မြောင်းထဲ စက်ဘီးကောလူကော
လျှောကျသွားကာ ကိုင်းရိုးပြတ်တွေက ခြေထောက်
နှင့်လက်တွေမှာ ခြစ်မိတော့သည်။"အ...."
အရိုက်ခံထားရသည့် အရှိုးရာတွေမှ မပျောက်သေး
နောက်ထပ်ဒဏ်ရာဒဏ်ချက်က ရပြန်ပြီ။
နာနေပေမယ့်လည်း ထိုင်မနေအား။ ချက်ချင်း
ပြန်ရပ်ကာ စက်ဘီးကိုပြန်ထူ၍ လမ်းပေါ်ပြန်တွန်း
လိုက်သည်။ရေမြောင်းထဲကရေနှင့် ရွှံ့တွေကိုဆေးကြောကာ
ကျောင်းနောက်မကျအောင် မြန်မြန်နင်းလာခဲ့တော့
သည်။........
"ထနောင်း....ထနောင်း....
ငါ့အတွက် မနက်စာသွားဝယ်ပေးစမ်း..."လက်ပံ အိမ်ပေါ်ကဆင်းလာပြီး ထနောင်းကို အော်
ခေါ်နေပေမယ့် ထနောင်းဆီက ပြန်ထူးသံမကြားရ။
မဆွယ် မီးဖိုချောင်ထဲကထွက်လာကာ အိမ်အောက်
ထပ်က ထနောင်းရဲ့အခန်းကိုတစ်ချက် ကြည့်လိုက်
ပြီး"ဟဲ့....ခေါ်နေရင်လဲ အသံလေးဘာလေးပြန်ပေး
ဦး..."သားအမိနှစ်ယောက် အသံစာစာနဲ့အော်နေပေမယ့်
ထနောင်းဆီက တုန့်ပြန်သံမကြားရ။
လက်ပံ ထဘီစကိုလက်တစ်ဖက်နှင့်မကာ ထနောင်း
အခန်းရှိရာကိုဒေါကြီးမောကြီးနှင့် ထွက်သွားသည်။"ဟဲ့...ထနောင်း...."
အခန်းတံခါးကိုတွန်းဖွင့်ပြီး အထဲကိုကြည့်လိုက်တော့ ကုတင်ပေါ်မှာ စောင်ခြုံပြီးအိပ်နေသေးသည့်
ထနောင်းကို တွေ့လိုက်ရသည်။
လက်ပံ စိတ်တိုသွားကာ ကုတင်နားကိုသွားလိုက်ပြီး
ထနောင်းကို ရိုက်၍ နှိုးလိုက်သည်။"ဟဲ့...နင်ကအခုထိအိပ်နေနိုင်သေးတယ်
ဒီမှာအော်ခေါ်နေတာ မကြားဘူးလား..."လက်ပံ ခါးကိုလက်တစ်ဖက်နှင့်ထောက်၍
ထနောင်းကို ရန်တွေ့လိုက်ပေမယ့် ထနောင်းက
အိပ်မြဲတိုင်းဆက်အိပ်နေပြီး နိုးမလာတာကြောင့်
သူမစိတ်ထဲ ထင့်သွားသည်။
YOU ARE READING
ရွှေစွန်ညို ဘာကိုလိုလို့ ဝဲပါတယ်
Romansချစ်ခြင်းမေတ္တာက အမုန်းတရားကို အနိုင်ယူနိုင်တယ်ဆိုတာ ယုံလား။