"ပြစ်မှုဆိုင်ရာ ရာဇသတ်ကြီးပုဒ်မ-၃၀၄အရ
တရားခံ ထနောင်း (ဘ-ဦးငွေမောင်)အား ပြစ်မှု
ထင်ရှားသဖြင့် အလုပ်ကြမ်းနှင့်ထောင်ဒဏ် (၇) နှစ်
ချမှတ်လိုက်သည်.."'ဒုန်း..ဒုန်း..ဒုန်း..'
တရားသူကြီး၏ အမိန့်ချမှတ်မှုအပြီး တရားခွင်
လာရောက်ကြားနာကြသည့် ထနောင်းဘက်က ရွာ
သူရွာသားတွေ တိတ်ဆိတ်သွားသည်။
လှဒင်၏အမေကတော့ တရားခွင်ထဲ အော်ငိုနေလေ
သည်။
ထနောင်းကို ရဲမေတွေက လက်ထိပ်ခတ်ကာ ခေါ်
သွားတော့ လှဒင်အမေက ထနောင်းကို အနောက်
ကနေလိုက်ရိုက်သည်။
ရဲတွေက ဝိုင်းဆွဲထားကြသည်။ကွမ်းယာဝါးနေသည့် အမျိုးသားတစ်ဦးက
လှဒင်အမေကို လက်ညှိုးထိုး၍ မျက်လုံးပြူးကာ"ခင်ဗျားပါ ထောင်ထဲလိုက်ဝင်ချင်နေတာလား..
ခင်ဗျားသားရဲ့အမှုကမပြီးသေးဘူးနော်...
အလိုမတူပဲ ခိုးပြေးတာ ဒီလို ဆန်ကုန်မြေလေး
ကောင် အသတ်ခံရတာတောင် နည်းသေးတယ်..""ဟဲ့...သာဒင်...နင်က နင့်တူဘက်ကမနာပဲ
ဘာလို့ဟိုဟာမဘက်ကနာနေတာလဲ...ဟမ်...""ခင်ဗျားသားလုပ်ပုံကမှ စောက်ချိုးမပြေတာ
ကျုပ်တို့အမျိုး သိက္ခာကျတယ်...ထွီ..."သာဒင်ဆိုသောလူက ကွမ်းတံတွေးကို ပစ်ခနဲ
ထွေးကာ တရားခွင်ထဲကထွက်သွားတော့သည်။ထနောင်း အမိန့်ချသည့်နေ့ တရားခွင်မှာ လက်ပံ
တို့သားအမိရှိမနေခဲ့ပါ။
မဆွယ်က မသွားခိုင်း၍ ဖြစ်သည်။
လက်ပံကို အခန်းအပြင်ကနေ သော့ခတ်၍ ပိတ်
ထားလေသည်။"အမေ...တံခါးဖွင့်ပေးပါ..."
လက်ပံ အော်ဟစ်ငိုယ်ိုပြီး တံခါးဖွင့်ခိုင်းပေမယ့်
မဆွယ်က ဖွင့်မပေးချေ။
အကျိုးဆက်အနေနဲ့ လက်ပံက အစာငတ်ခံဆန္ဒ
ပြလေသည်။
နှစ်ရက်လောက် ဘာမှမစားပဲနေတော့ လက်ပံ
အားပြတ်တော့သည်။
အရင်ရက်တွေထဲက အစားကောင်းကောင်းမစား
သည့်အရှိန်လဲပါသည်။လအတော်ကြာသည်အထိ လက်ပံ မည်သူနှင့်မှ
စကားမပြောပဲ သူ့အခန်းထဲမှာသာ နေနေသည်။
တစ်ခါတစ်လေ ထနောင်းရဲ့အခန်းထဲမှာသွား၍
ငိုနေတတ်သည်။
YOU ARE READING
ရွှေစွန်ညို ဘာကိုလိုလို့ ဝဲပါတယ်
Romansချစ်ခြင်းမေတ္တာက အမုန်းတရားကို အနိုင်ယူနိုင်တယ်ဆိုတာ ယုံလား။