ရွှေစွန်ညို ဘာကိုလိုလို့ ဝဲပါတယ် - ၁၉

693 94 8
                                    

လက်ပံ ထနောင်းနဲ့လိုက်နေပြီး နှစ်လလောက်အကြာ
မှာတော့ သူတို့နှစ်ယောက်လုံး မဆွယ်ရဲ့အိမ်မှာ
ပြန်နေရဖို့ အကြောင်းဖန်လာတော့သည်။

ဖြစ်ပုံကတော့...

ရွာထဲက ငွေတိုးချေးစားသော ဒေါ်စံထား၏သား
မြစံက ရွာသူမိန်းမပျိုတွေရေခပ်ဆင်းချိန် မူးမူး
ရူးရူးနှင့် နှမသားချင်းမစာမနာ စနောက်နေရင်းက
လက်ပံနှင့်ထနောင်းကို တွေ့တော့ လက်ပံဆီကို
ရောက်လာပြီး ရည်းစားစကားပြောသည်။

"လက်ပံလေးရယ်...ငါကနင့်ကို ဟိုးအရင်ကတည်း
က ချစ်နေခဲ့တာဟ...ငါ့ကိုပြန်ချစ်ပါနော်..."

"မြစံ...နင်မူးနေရင် လှည့်ပြန်လိုက်တော့
လိုက်နှောက်ယှက်မနေနဲ့..."

ထနောင်းက မြစံရဲ့ရှေ့မှာ ပိတ်ရပ်လိုက်ပြီး သတိ
ပေးသည်။
မြစံက ထနောင်းကို မထီမဲ့မြင်နှင့်ကြည့်ကာ မြေကြီး
ပေါ် တံတွေးတစ်ချက် ထွေးထုတ်လိုက်ပြီး

"ဘာလဲ..နင်ကကောက်ရိုးပုံစောင့်ခွေးလား...
အေး...နင့်ကိုလဲ ကျေးဇူးတင်ရမှာပေါ့...နင့်
ကြောင့် လက်ပံလေးကို ဘယ်သူမှ မပိုင်ဆိုင်
ရပဲ..ဟောဒီက ငါက ပိုင်ဆိုင်ရမှာ...ဟာဟား..."

မြစံ သူ့ရင်ဘက်ကိုသူပုတ်ကာ မစားရဝခမန်း
ပြောလေသည်။
ထနောင်း လက်သီးကိုခပ်တင်းတင်ဆုပ်ကာ
ထမ်းပိုးကို တင်းကြပ်နေအောင် ဆုပ်ကိုင်ထား
လိုက်သည်။
လက်ပံက ထနောင်းရဲ့လက်ကိုလှမ်းကိုင်ကာ
စိတ်ထိန်းဖို့ သတိပေးသည်။

"ငါအေးအေးဆေးဆေးပြောနေတုန်း နင်ပြန်
လိုက်ရင်ကောင်းမယ် မြစံ...နင့်စကားတွေက
လွန်နေပြီ...ငါသည်းခံနေတုန်း နင်သွားလိုက်
တော့..."

"ဟက်...မသွားရင် ဘာလုပ်မလို့လဲ ငါ့ကိုပါ
သတ်ဦးမလို့လား...ဟားဟား...မရဘူးနော်..
ငါက လှဒင်လို မဟုတ်ဘူး...နင့်ကိုကြောက်မယ်
လို့မထင်နဲ့...ဘာလဲ...နင်တို့က...ရွာထဲကလူတွေ
ပြောနေသလို...တကယ်ပဲ လင်ကွင်းတီးနေကြ
တာလား...ဒါမကောင်းဘူးနော်...ဘယ်သူ့အတွက်မှ
အကျိုးမရှိဘူး...မိန်းမဆိုတာ ယောကျ်ားအတွက်ပဲ
ဖြစ်သင့်တာ...လက်ပံလေးကလဲ မြစံအတွက်ပဲ
ဖြစ်သင့်တာ...မြစံရဲ့မိန်းမလုပ်ပြီး မြစံကိုကလေး
လေးတွေမွေး..."

ရွှေစွန်ညို ဘာကိုလိုလို့ ဝဲပါတယ်Where stories live. Discover now