"ငါ အရမ်းလန့်သွားတာ လက်ပံ "
ထနောင်းက ဆိတ်စွတ်ပြုတ်လေး လက်ပံကိုခွံ့ကျွေး
ရင်း သူ့အိပ်မက်အကြောင်း ပြန်ပြောပြတော့ လက်ပံ
က ထနောင်းရဲ့လက်မောင်းကို တစ်ချက်ရိုက်လိုက်
ပြီး သဘောကျစွာ ရယ်နေသည်မှာ အရယ်မရပ်
တော့။"နင်ကငတုံးလား ထနောင်း..
ငါကဘယ်လိုလုပ်ပြီး ကိုယ်ဝန်ရှိရမှာလဲ...""ငါလဲ လျှောက်တွေးနေမိတာ... တကယ်လို့
များ ငါ့အိပ်မက်ထဲကလို နင့်မှာ
မတော်တဆ ကိုယ်ဝန်ရှိသွားရင် ဘယ်လိုလုပ်
မလဲလို့လေ...ခေါင်းကိုပူထူသွားတာပဲ""မဖြစ်နိုင်တဲ့အရာကို ဘာလို့များတွေးနေရတာလဲ..
ဘာလဲ...နင်က ကလေးမလိုချင်ဘူးပေါ့..ဟုတ်လား""အဲ့လိုမဟုတ်ပါဘူး...ငါ အမေ့ကို မျက်နှာပူလို့..."
"အမယ်...ရှက်တတ်သေးတယ်လား...
ကဲတုန်းက ကဲပြီးတော့ ဘာအခုမှ မျက်နှာပူတာလဲ""နင်ကလည်း...ငါတို့အချင်းချင်းက မရှက်ပါဘူး
အမေ့ကိုတော့ ရှက်တာပေါ့...""နင်ကလေ ...တကယ်ကို သိုးရေခြုံတဲ့ ဝံပုလွေကြီး
မခုတ်တဲ့တဲ့ကြောင်လိုလိုနဲ့...လက်သည်းတွေကို
ဝှက်ထားတာ...အဲ့အချိန်ဆိုရင် တခြားတစ်ယောက်
လိုပဲ...""မကြိုက်ဘူးလား..."
ထနောင်းက သူ့ညာဘက် လက်သူကြွယ်နဲ့လက်
ခလယ်ကိုပူး၍ ထောင်ထားရင်းက လက်နှစ်ချောင်း
ကို ကွေးချည်ဆန့်ချည်လုပ်ပြလိုက်တာကြောင့်
လက်ပံ သူ့ကို ခပ်ဆတ်ဆတ်လှမ်းရိုက်လိုက်ပြန်
သည်။"ပြောလေ ဆိုးလေ...နင်ဟာလေ တစ်နေ့တခြား
ပိုပိုပြီး ရဲတင်းလာတာ...လူတွေကလေ ငါ့ကိုတော့
နင့်ကိုအနိုင်ကျင့်လွန်းလို့ဆိုပြီး သိပ်ကြည့်မရကြ
တာပဲ...အခု နင်ကအနိုင်ကျင့်နေတာတွေကျတော့
သူတို့ကမသိကြဘူး...""အဘကပြောတယ်...အကြွေးရှိရင် ကုန်အောင်
ဆပ်ရတယ်တဲ့...နောက်ဘဝအထိ သယ်မသွား
နဲ့တဲ့...ဒီဘဝနဲ့ကုန်အောင်ဆပ်တဲ့...ဒါပေမယ့်
နင့်ကိုသာ ဒီလိုမျိုး အကြွေးဆပ်နေရရင် ငါက
တော့ နောက်တစ်ဘဝတင်မကဘူး...သံသရာ
အဆက်ဆက်ထိ ဆပ်ရလည်းကျေနပ်တယ်..
တစ်ယောက်တစ်ပြန် ဆပ်ကြတာပေါ့...နော်...
အဲ့တော့ အခု အချစ်က ပြန်ဆပ်အလှည့်လို့
မှတ်ထားလိုက်..."
YOU ARE READING
ရွှေစွန်ညို ဘာကိုလိုလို့ ဝဲပါတယ်
Romanceချစ်ခြင်းမေတ္တာက အမုန်းတရားကို အနိုင်ယူနိုင်တယ်ဆိုတာ ယုံလား။