ရွှေစွန်ညို ဘာကိုလိုလို့ ဝဲပါတယ်- ၉

574 57 0
                                    

ထနောင်း လက်ပံကိုကျူရှင်ပို့ပေးပြီး အိမ်မပြန်ပဲ
တစ်ခါထဲကြိုဖို့စောင့်နေသည်။
လက်ပံနှင့်ရန်ဖြစ်သည်ဆိုသည့် ကောင်မလေးက
သူထိုင်နေသည့် ခရေပင်အောက်က ခုံတန်းလေး
ဆီရောက်လာကာ စက်ဘီးကိုဒေါက်ထောက်၍
ရပ်လိုက်သည်။
ထနောင်း ဖတ်လက်စ စာအုပ်ကိုပိတ်လိုက်သည်။

.......

လက်ပံ ကျူရှင်ဆင်းလာတော့ ထနောင်းရပ်စောင့်
နေသည့် နေရာသို့သွားလိုက်သည်။
သူမရှေ့လေးတင် စက်ဘီးတွန်း၍ ငိုပြီးထွက်သွား
သည့် ကောင်မလေးကို လက်ပံတွေ့လိုက်သည်။

ထနောင်းက လက်ပံကိုမြင်သည်နှင့် စက်ဘီးကို
လှည့်ကာ ဒေါက်ဖြုတ်လိုက်သည်။
လက်ပံ လွယ်အိတ်ကို စက်ဘီးခြင်းထဲထည့်လိုက်
ပြီး

"စောစောက ဟိုကောင်မလေးကို ဘာပြောလိုက်
တာလဲ"

"ဘာမှမဟုတ်ပါဘူး..."

ထနောင်းက ပြန်မဖြေတာကြောင့် လက်ပံ
မကျေနပ်။ သို့ပေမယ့် ထပ်မမေးတော့ပဲ
နေလိုက်သည်။

နောက်ရက်တွေ ကျောင်းမှာ ထိုကိုးတန်းကျောင်းသူ
နှင့်လက်ပံ လမ်း၌ အမှတ်မထင်ဆုံခဲ့လျှင်တောင်
ထိုကောင်မလေးကအရင် ရှောင်သွားတတ်သည်။
လက်ပံကို စောင်းမြောင်းပြောဆိုတာမျိုးမရှိတော့။
ထနောင်းကိုတွေ့ရင်လည်း မမြင်ချင်ယောင်ဆောင်
သွားတတ်သည်။
တစ်ခါမှ မသိဖူးသည့်လူတွေလို ပြုမူသွားတတ်
သည်။
ထနောင်း ထိုကောင်မလေးကို ဘာတွေများပြော
လိုက်ပါလိမ့်။
လက်ပံ သိချင်စိတ်ဖြစ်ပေမယ့် ထနောင်းကို
တော့မမေးခဲ့ပါ။
သူကလည်း မဖြေချင်သည့်ပုံပေါ်သည်။
ထိုကိစ္စမေးလိုက်သည်နှင့် စကားလမ်းကြောင်း
လွှဲသွားတတ်သည်။

ဒီလိုနဲ့ လက်ပံ စာမေးပွဲကြီးနီးလာတော့ မြို့ပေါ်မှာ
ပဲ သူငယ်ချင်းတွေစုပြီး စာကျက်ဝိုင်းမှာ အဆောင်
နေလိုက်သည်။
ထနောင်းကတော့ ထမင်းချိုင့်ပို့ပေါ့။
လက်ပံစာမေးပွဲနီးလာလေ မဆွယ်လဲ အိမ်ကဘုရား
မှာကော ရွာဦးဘုန်းကြီးကျောင်းကဘုရားမှာပါ
ကောင်းမှုကုသိုလ်တွေပြုကာ ဆုတောင်းရသည်မှာ
အမော။
ထနောင်းလဲ တွေ့သမျှဘုရားတိုင်း ရှိခိုးပြီး လက်ပံ
အတွက်ဆုတောင်းရသည်မှာအမော။
ရွာထိပ်ညောင်ပင်က ရုက္ခစိုးစင်မှာတောင် လက်ပံ
အတွက်ဆုတောင်းပေးသည်။
လက်ပံ စာတွေမှတ်မိပါစေ၊ ကျန်းမာရေးကောင်း
ပါစေ၊ မေးခွန်းတွေလွယ်ပါစေနှင့်။ တစ်နေ့တစ်နေ့
သူ့မှာ လုပ်ငန်းတာဝန်တွေက များလှလေသည်။

ရွှေစွန်ညို ဘာကိုလိုလို့ ဝဲပါတယ်Where stories live. Discover now