မနက်ဖြန် ဆွမ်းတော်ကြီးကပ်လှူပွဲရှိတာကြောင့်
ဒီနေ့ညနေပိုင်းမှာ ရွာသူရွာသားတွေ ရွာဦးကျောင်း
သို့ ဆွမ်းတော်ကြီးကပ်ဖို့အတွက် သစ်သီးနှင့်မုန့်
တွေ သွားရောက်ပို့ဆောင်ကာ စေတီရင်ပြင်တော်
ပေါ်နှင့် ဘုန်းကြီးကျောင်းဝန်းအတွင်း သန့်ရှင်းရေး
လုပ်ကြသည်။ လုပ်အားပေးလာကြသည့် ရွာသူရွာ
သားတွေကို စတုဒီသာအကျွေးအမွေးရှိလေသည်။
ညဘက်မှာတော့ စေတီကို ဆီမီးပူဇော်ကြသည်။လက်ပံနှင့်လဲ့ရည် စေတီတော်ရင်ပြင်ပေါ်၌ တံမြက်
စည်းလှဲ သန့်ရှင်းရေးလုပ် ကုသိုလ်ယူပြီးနောက်
မုန့်ဟင်းခါး စတုဒီသာ သွားစားကြသည်။"ငါ နေ့လည်က ထနောင်းနဲ့တွေ့တယ်သိလား..."
လဲ့ရည်က မုန့်ဟင်းခါးတစ်ဇွန်းစားလိုက်ပြီးတော့ လက်ပံကို ပြောသည်။
လက်ပံ ငရုပ်သီးမှုန့်တစ်ဇွန်း မုန့်ဟင်းခါးပန်းကန်
ထဲ ထည့်လိုက်ပြီး လဲ့ရည် ဘာများဆက်ပြော
မလဲလို့ စောင့်နေသည်။"ထနောင်းက နင့်ကို စိတ်မဆိုးပါဘူးဟဲ့...
သူကတောင် နင်သူ့ကို မခေါ်ချင်ဘူးလားလို့
ထင်နေတာ...နင်သူ့ကို စကားအရင်ပြောလိုက်ပါ
လား...""အာ...မပြောရဲပါဘူး...ကြောက်တယ်..."
"အလိုလေး...မိလက်ပံ...ဘာကိုကြောက်နေတာလဲ..
ထနောင်းကနင့်ကို ကိုက်မစားပါဘူး...ပြောပုံကိုက
အရင်က လက်ပံ မဟုတ်တော့တဲ့အတိုင်းပဲ...
ဒီနေ့မနက် နင်တို့ ဒွေးလှဆိုင်မှာ တွေ့ခဲ့ကြသေး
တယ်ဆို...ဟုတ်လား"လဲ့ရည် ပန်းကန်ထဲကမုန့်ဖတ်တွေနှင့်ဟင်းရည်ကို
သမအောင် ဇွန်းနှင့်မွှေလိုက်ရင်းက မေးတော့
လက်ပံ ခေါင်းညိတ်ပြကာ"မတော်တဆတွေ့တာပါ..."
"ထနောင်းက နင့်ကို စကားပြောချင်နေတာ
သူ့ဘက်က စမပြောရဲလို့ဟဲ့..အဲ့တော့ နင့်ဘက်က
စခေါ်လိုက်..."လဲ့ရည်က လက်ပံကို ပုခုံးချင်းတိုက်၍ ပြောလိုက်
သည်။မုန့်ဟင်းခါးစားပြီးနောက် ဆီမီးပူဇော်ရန် စေတီ
ဘက်ကိုပြန်လာခဲ့ကြသည်။ဆီမီးခွက်လေးတွေ အစီအရီ ချပေးထားသည့်နေ
ရာမှာ မီးလိုက်ညှိရင်း လက်ပံနှင့်ထနောင်း ဆုံ
သွားသည်။
YOU ARE READING
ရွှေစွန်ညို ဘာကိုလိုလို့ ဝဲပါတယ်
Romanceချစ်ခြင်းမေတ္တာက အမုန်းတရားကို အနိုင်ယူနိုင်တယ်ဆိုတာ ယုံလား။