မဆွယ်က တရားစခန်းနောက်တစ်ခုသို့ ထပ်ဝင်
မည်ဟုဆိုကာ အိမ်ပြန်မလာပဲ လူကြုံနှင့် အမှာပါး
လိုက်လေသည်။"အမေကတော့ တရားအရသာ သိသွားပြီထင်တယ်"
"အရီးလေး ဘာမှာလိုက်တာလဲ လက်ပံ"
"ညောင်ဦးဘက်က တရားစခန်းတစ်ခုကို သူ့ မိတ်ဆွေတွေနှင့် ထပ်လိုက်သွားတယ်တဲ့ ..အဲ့ဒါ
ဒီနေ့အိမ်မပြန်ဖြစ်ဘူးဆိုပြီး လူကြုံနဲ့မှာလိုက်တာ""သြော်..."
"နေပါဦး...နင်က ပေါက်တူးတစ်လက်နဲ့ ဘယ်ကို
သွားမလို့လဲ..."ထနောင်းက ပေါက်တူးတစ်လက်ကိုင်၍ အလုပ်ကြမ်းလုပ်ရင်ဝတ်သည့် အဝတ်တွေကို ဝတ်
ထားတာကြောင့် လက်ပံ မျက်မှောင်ကြုံ့၍ မေးလိုက်သည်။"အနောက်က အကွက်မှာ ဘူးစင်လေးထိုးမလို့...
မြေပေါက်မလို့...""ကြည့်...လုပ်ပြန်ပြီ...အလုပ်ကြမ်းတွေ မလုပ်ပါနဲ့
တော့ ဆိုတာကို ငြိမ်ငြိမ်မနေပြန်ဘူး...မလုပ်နဲ့
ဘူးသီးစားချင်ရင် ဝယ်စားလို့လွယ်နေတာပဲ...""ငါငြိမ်ငြိမ်မနေတတ်ဘူး လက်ပံရဲ့...
အလုပ်မလုပ်ရတော့ ဟိုနားကနာသလို ဒီနားက
နာသလိုနဲ့...ဒီလောက်က ဘာမှမပင်ပမ်းဘူး...
လှုပ်လှုပ်ရှားရှားလေး လုပ်ပေးမှဖြစ်မှာ...""အဲ့လောက်လုပ်ချင်နေလဲ သွားလုပ်..."
လက်ပံ သူ့စကားကို ထနောင်းက နားမထောင်၍
စိတ်တော်ကောက်ပြီး အိမ်ထဲ ခြေဆောင့်၍ ဝင်
သွားတော့သည်။ထနောင်း ခေါင်းခါပြီး လက်ထဲကပေါက်တူးကို
ချကာ လက်ပံကို ချော့ဖို့ အိမ်ထဲလိုက်ဝင်လာခဲ့
သည်။"အချစ်ကလည်း အပင်လေးတွေ စိမ်းစိုနေတာ
မြင်ရရင် ဘယ်လောက်ကြည်နူးဖို့ကောင်းလဲ...
ဝယ်စားလို့ရတာဟုတ်ပေမယ့် ကိုယ်ကိုယ်တိုင်စိုက်
ထားတဲ့ဟာလေး ကိုယ်တိုင်ခူးပြီး ချက်စားရတာ
ပိုကောင်းတယ်...စိတ်မကောက်နဲ့တော့နော်...""အပင်တွေကြည့်လို့စိတ်ချမ်းသာတယ်ဆို အပင်
တွေကိုပဲ သွားထိုင်ကြည့်နေ...ငါ့ကိုလာမကြည့်
နဲ့...""ဒါကမတူဘူးလေ...အချစ်ကိုကြည့်ပြီး စိတ်ချမ်း
သာတာနဲ့ အပင်တွေကိုကြည့်ပြီး စိတ်ချမ်းသာ
တာမတူဘူး...လိမ်မာတယ်နော်...အာဘွားတွေ
အများကြီးပေးမယ်..."
YOU ARE READING
ရွှေစွန်ညို ဘာကိုလိုလို့ ဝဲပါတယ်
Romanceချစ်ခြင်းမေတ္တာက အမုန်းတရားကို အနိုင်ယူနိုင်တယ်ဆိုတာ ယုံလား။