ထနောင်းဟာ အဖျားအကင်းမသေသေးပေမယ့်
ကျောင်းဖွင့်ရက်မှာ လက်ပံကို ကျောင်းလိုက်ပို့ပေး
ဖို့.အသင့်ဖြစ်နေသည်။လက်ပံ အိမ်ပေါ်ကဆင်းလာတော့ ထနောင်းက
စက်ဘီးကို ဖုန်သုတ်နေသည်။
စားပွဲပေါ်မှာတော့ လက်ပံအတွက် နေ့လည်စာ
ထမင်းချိုင့်ကအဆင်သင့်။လက်ပံ လွယ်အိတ်ထဲ စာအုပ်တွေစုံမစုံ နောက်
တစ်ခေါက်ပြန်စစ်ကာ ထမင်းချိုင့်ကိုယူလိုက်ပြီး"ဟဲ့...နင်ဒီနေ့လိုက်မပို့နဲ့တော့ ငါ့ဘာသာ
လဲ့ရည်တို့နဲ့လိုက်သွားမယ် ""ဘာလို့လဲ ငါလိုက်ပို့မယ်လေ "
ထနောင်းက စက်ဘီးဖုန်သုတ်နေရာက ထလာပြီး
ပြောသည်။
လက်ပံ သူ့ကို တစ်ချက်ပြန်လှည့်ကြည့်ပြီးနောက်
စိတ်မရှည်ဟန်နှင့်"ငါ့ဘာသာသွားမယ်ဆို နေလိုက်တော့ပေါ့
တော်ကြာ လူမမာကိုခိုင်းရကောင်းလားဆိုပြီး
အပြောခံနေရပါဦးမယ်...ဟွန်း..."လက်ပံဟာ ခြေဆောင့်၍ ခြံဝိုင်းထဲကထွက်သွား
သည်။
ထနောင်း စက်ဘီးကိုတွန်းပြီး လက်ပံနောက်ကနေ
လိုက်လာခဲ့သည်။လက်ပံ နောက်ကိုလှည့်ကြည့်ကာ ရပ်လိုက်ပြီး
"ဘာလုပ်တာလဲ ငါ့ဘာသာသွားမယ်လို့ပြောနေ
တယ်လေ..""ငါလိုက်ပို့ပါ့မယ်...သူတို့စက်ဘီးကယ်ရီယာ
ခုံက ဖော့ပါတာမဟုတ်ဘူး.. ကျောင်းအထိဆို
နင်တင်ပါးတွေနာနေလိမ့်မယ်..."ထနောင်းပြောတာမှန်သည်။
လက်ပံအမေက ငွေကြေးတတ်နိုင်တာကြောင့်
လက်ပံကျောင်းတက်ဖို့ကို ဖီးဆင့်ဘီးကိုမှ အသစ်
ဝယ်ပေးထားတာ။
လဲ့ရည်တို့စက်ဘီးက အဟောင်းကိုမှ နောက်ကထိုင်
ခုံက သံချောင်းပေါ်မှာ ပျဥ်ပြားခင်းထားတာဆို
တော့.ဖော့ထိုင်ခုံနဲ့စီးနေကျနေသည့် လက်ပံအတွက်
ထိုင်နေကျမည်မဟုတ်။
လမ်းကလဲ ချိုင့်တွေကပေါကပေါနှင့် ။"ပြီးတော့ ခြေနင်းခုံမပါတော့ နင်တစ်လမ်းလုံး
ခြေထောက်တွဲလောင်းချပြီးလိုက်ရမှာ ...
ချိုင့်ထဲဘီးကျရင်လဲ ရွှံ့တွေကစင်ဦးမယ်...
လုံခြည်တွေပေကုန်မှဖြင့်..."
YOU ARE READING
ရွှေစွန်ညို ဘာကိုလိုလို့ ဝဲပါတယ်
Romanceချစ်ခြင်းမေတ္တာက အမုန်းတရားကို အနိုင်ယူနိုင်တယ်ဆိုတာ ယုံလား။