ထနောင်း ထ နေကျအချိန်ထက် စောပြီး နိုးလာ
သည်။
လက်ပံက အခုထိ မနိုးသေး။ ထနောင်း စောင်အပါး
လေးကို လက်ပံရဲ့ကိုယ်လေးပေါ်ခြုံပေးလိုက်သည်။ဝါးကြမ်းခင်းလေးမလို့ အနည်းငယ်လှုပ်လိုက်တာနှင့်
အသံကထွက်လာသည်။
လက်ပံနိုးသွားမည်ဆိုး၍ ထနောင်း ခြေထောက်ကို
ဖွနင်းပြီး အသံလုံလုံနှင့် တဲလေးထဲက ထွက်လာ
ခဲ့သည်။တဲလေးပေါ်က ခပ်ကုတ်ကုတ်ဆင်းသွားသည့်
ထနောင်းကိုကြည့်ပြီး လက်ပံ ပြုံးလိုက်သည်။ထနောင်း စောင်ခြုံပေးပြီးထဲက လက်ပံနိုးနေခဲ့
တာ။မျက်လုံးမဖွင့်ပဲ အသာလေး ငြိမ်နေပြီး
ချိုးချိုးချွတ်ချွတ်က တဖြည်းဖြည်းဝေးသွားမှ
အနောက်ကို ဖြည်းဖြည်းလေး လှည့်ကြည့်လိုက်
တော့ တဲလေးပေါ်က ဆင်းသွားသည့် ထနောင်းကို
တွေ့လိုက်ရသည်။ထနောင်း စဥ့်အိုးထဲက ရေတစ်ခွက်ခပ်ကာ
မျက်နှာသစ်လိုက်သည်။
ရွာဦးကျောင်းက တုံးမောင်းခေါက်သံ ကြားရပြီး
သိပ်မကြာလိုက် ကိုရင်ငပွေးတို့ တဲဘက်က လင်းကြက်တွန်သံကြားရသည်။သွားတိုက် ၊ ပလုတ်ကျင်းပြီးနောက် ဂုတ်ကို
ရေစိုလက်နှင့် နှစ်ချက်လောက်ပုတ်လိုက်သည်။တဲဘက်ကိုပြန်လာလိုက်တော့ လက်ပံကို တဲလေး
အပေါက်ဝမှာထိုင်နေသည်ကိုတွေ့လိုက်ရသည်။"လက်ပံ...အစောကြီးရှိနေသေးတာကို..."
ဒီအချိန် တော်ရုံမနိုးတတ်သည့် လက်ပံရဲ့အကြောင်း
ကိုသိထားသူပီပီ...ထနောင်းက မိုးပေါ်ကို မော့ကြည့်
ပြီးပြောလိုက်သည်။"ငါ အိပ်မရတော့လို့ "
လက်ပံက တဲပေါ်က ဆင်းလာပြီး ပြောသည်။
"အပေါ့သွားချင်တယ် လိုက်ပို့ပေးဦး"
လက်ပံ မျက်နှာလေးရှုံ့မဲ့၍ ပြောသည်။
ထနောင်း ခေါင်းညိတ်ပြကာ ဓာတ်မီးလေးကိုင်၍
တဲနောက်ဘက်သို့ လက်ပံကို ခေါ်သွားလိုက်သည်။"ရှေ့မှာ စောင့်နေနော် "
"အင်း..."
.......
YOU ARE READING
ရွှေစွန်ညို ဘာကိုလိုလို့ ဝဲပါတယ်
Romanceချစ်ခြင်းမေတ္တာက အမုန်းတရားကို အနိုင်ယူနိုင်တယ်ဆိုတာ ယုံလား။