ထနောင်းနဲ့လက်ပံ။
သူတို့နှစ်ယောက်ဘာကိစ္စတွေဖြစ်ခဲ့လဲ။............
လွန်ခဲ့သောဆယ့်ခုနှစ်နှစ်ခန့်က
ပုပ္ပါးကပြန်လာသည့် ကိုကျော်ရှင်နှင့်အတူ
ဆယ်နှစ်အရွယ် ကလေးမလေးတစ်ဦးပါလာခဲ့
သည်။
ထိုကလေးမလေးက တခြားသူမဟုတ်။
ထနောင်း ဖြစ်သည်။
ကိုကျော်ရှင် ထနောင်းကိုအိမ်ခေါ်လာတာ မဆွယ်
ကမနှစ်မြို့။
ကိုကျော်ရှင့်ကိုမယုံသင်္ကါနှင့် ရင်ထဲမှာအပူမီး
တောက်နေလေသည်။
ကိုကျော်ရှင်နှင့်မဆွယ်မှာ ထနောင်းနှင့်မတိမ်း
မယိမ်းအရွယ်လောက်ရှိသည့် လက်ပံဆိုသော
သမီးတစ်ယောက်ရှိသည်။
လက်ပံက ထနောင်းထက် နှစ်ဝက်လောက်ကြီး
သည်။သို့ပေမယ့် ထနောင်းကလက်ပံထက်
ကိုယ်လုံးကိုယ်ထည်ထွားကာ အရပ်ပိုမြင့်သည်။
ဒါကြောင့် မဆွယ်မှာ ကိုကျော်ရှင်ကိုအမြင်မကြည်။
ကိုကျော်ရှင်က သူမနှင့်မယူခင် ပုပ္ပါးဘက်မှာ
နှစ်အတော်ကြာ အလုပ်သွားလုပ်ဖူးသည်။
အဲ့အချိန်က ဟိုမှာဘယ်သူမှမသိအောင် မိန်းမယူ
ခဲ့ပြီး အခုထိုမိန်းမနှင့်ရခဲ့သည့်ကလေးကို ဒီခေါ်
လာတာဟု ထင််နေလေသည်။"ကိုကျော်ရှင်...ရှင်ဘာတွေ ရှုပ်ရှုပ်ယှက်ယှက်
လုပ်လာတာလဲ..""ဘာကိုရှုပ်ရှုပ်ယှက်ယှက်လုပ်ရမှာလဲ.."
"တော်ခေါ်လာတဲ့ကလေးမလေ...သူကဘယ်သူ့
ကလေးလဲ..တော်ကျုပ်ကိုအတိအကျပြော..""ဟ..ငါပြောတော့ကော နင်ကသူ့မိဘတွေကိုသိမှာ
မလို့လား...ငါအရင်ကလုပ်ခဲ့ဖူးတဲ့နဂါးမောက်ခြံ
က အလုပ်သမားလင်မယားရဲ့ကလေး..အခုသူ့
မိဘတွေကမရှိကြတော့ဘူး ဆွေမျိုးအသိုင်းဝန်း
လဲမရှိလို့ မွေးစားဖို့ခေါ်လာခဲ့တာ ""ရှင်ကျုပ်ကိုမလှိမ့်တပတ်လုပ်ဖို့မကြိုးစားနဲ့နော်
ကိုကျော်ရှင်...အဲ့ဒါ ရှင့်ရဲ့တိတ်တိတ်ပုန်းမယားနဲ့
ရတဲ့ကလေးမဟုတ်လား...""အာ ဒီမိန်းမ ပေါက်ကရတွေလျှောက်ပြော၊လျှောက်
ထင်နေပြန်ပြီ...ငါ့ကလေးမဟုတ်ဘူး ငါ့မိတ်ဆွေရဲ့
ကလေး ငါအခက်အခဲရှိတုန်းက သူတို့လင်မယား
ကကူညီပေးကြဖူးလို့ အခု သူတို့မရှိတော့တဲ့အချိန်
မှာ ငါကပြန်ပြီးစောင့်ရှောက်ပေးတဲ့သဘော..
သူ့ခြေထောက်ပေါ် သူရပ်တည်နိုင်အောင် ပြုစု
ပျိုးထောင်ပေးမယ် ဒါပဲ... အခုကစပြီး ထနောင်းက
ငါ့သမီးပဲ..."
YOU ARE READING
ရွှေစွန်ညို ဘာကိုလိုလို့ ဝဲပါတယ်
Romanceချစ်ခြင်းမေတ္တာက အမုန်းတရားကို အနိုင်ယူနိုင်တယ်ဆိုတာ ယုံလား။