အပိုင်း(၁)
အချိန် တစ်ခုကြာမြင့်သွားခဲ့လျှင် လောက ကံကြမ္မာဆိုတာ ပုံသေရှိလာနိုင်မည်ဟု လူအချိုဟာ ကောက်ချက်ချကြသည်။ ကျွန်မတော့ ထို အချင်းအရာကို မယုံပါ။ လူ့ကံကြမ္မာဆိုတာ ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း၊ ကောင်းခြင်း၊ ဆိုးခြင်း၊ ဆင်းရဲခြင်း၊ ချမ်းသာခြင်း စသည်တို့နှင့် ဒွတ်တွဲတည်ရှိ နေကြတယ်လို့ ကျွန်မထင်တယ်။ ယခု ကျွန်မအသက်၄၀ ရှိပါပြီ။ အသက်ရှင်နေထိုင် ရပ်တည်လာခဲ့တဲ့ နှစ်၄၀ လုံး ဆင်းရဲ နွမ်းပါးနေတာလည်း မဟုတ်သလို ကြီးကြီးတက် ချမ်းသာနေတဲ့ သူတစ်ယောက်လည်း မဟုတ်ပါဘူး။ ကျွန်မဘဝမှာ ကျွန်မကို နွေးထွေးမှု၊ ကျင်နာမှု၊ ဂရုစိုက်မှု၊ နာလည်မှု၊ နာကျင်မှု၊ ဝမ်းနည်းမှု စတဲ့ စိတ်ခံစားချက်တိုင်ကို ပေးခဲ့တဲ့ သူတွေနဲ့ ကျွန်မ ဆုံစည်းတွေ့ဆုံခဲ့ဖူးတယ်။ ဟောဒီ ဒီလူ့လောကကြီးက ကျွန်မဘဝရဲ့ အမြတ်နိုးရဆုံး တန်ဖိုးထားရဆုံး ဆိုတဲ့ အရာတစ်ချို့ကို ဆွဲထုတ်ခေါ်ယူသွားတယ်။ ထို့အပြင် မေတ္တာလက်ဆောင်အလား ပျော်ရွှင်မှုထက် ပူဆွေးမှုေတွကိုသာ ထားပေးခဲ့တယ်။ ဘာလို့များ ကျွန်မ ဟာ ဒီပူဆွေးသောကတွေကို ယခု ထက်ထိသယ်ယူထားရပါလိမ့်။ အနေ့နေ့ အရက်ရက်အလိုက် ကျွန်မဘဝဟာ အတူညီမှုတွေနဲ့ ရှင်သန် ဖြတ်သန်းနေရတယ်လို့ ကျွန်မခံစားရတယ်။ ဒီလိုတွေ စဖြစ်လာခဲ့တာဟာ လွန်ခဲ့သော ၂၁ နှစ်ခန့်........ ဧပြီလ ၃၀ရက်နေ့ ။ ။
*********
မီးပွိုင့်ဟု ခေါ်သော အဝိုင်းသုံးလုံးပါ ထိုအရာ၏ အဝိုင်းတစ်ခုက နီနီရဲရဲ အရောင်လက်သော မီးနီလုံး ဖြစ်သွားသည်နှင့် တစ်ပြိုင်နက် ညီညာစွာ ရပ်တန့်သွားကြသော ကားတန်ရှည်ကြီးများနဲ့ ညီညာစွာ တားထားသော အဝါရောင် လမ်းကြောင်းပေါ်သို့ မြန်ဆန်စွာ ကူးဖြတ်နေကြသော လူတစ်စု။ ထိုလူများကြားမှ ကားတန်းဘက်သို့ဦးတည်လာကာ လက်ထဲတွင် ကိုင်ထားသော ရေခဲရေဗူးနှင့် ပန်းများကို အနိုင်အနင်း ပင်ပင်ပန်းပန်းဖြင့် ကားတစ်စီးတိုင်းကို 'ဝယ်ဦးမလား၊ ဝယ်ဦးမလား' ဟု အသံသေးသေးလေးဖြင့် အော်ရောင်းနေရှာသော ကျောင်းသူအရွယ်ကလေးမလ တစ်ယောက်။
YOU ARE READING
သဘောအတိုင်းပါ၊ ကျွန်မ သခင် (Ongoing)
Fanfictionကျွန်မရဲ့သခင် ကျွန်မသခင်ဟာ နှင်းဆီပွင့်တွေနဲ့ သိပ်တူတာ။