အပိုင်း(၁၁)
ယနေ့ညနေတွင် ပွဲရှိ၍ ပန်းပြင်ဆင်နေရ၏။ လှလှလည်း ပြင်နေသည်။ အကြောင်းမှာ ထိုပွဲကို လှလှလည်းတက်ရမည်ဖြစ်သည်။ မမသက်က လှလှကို သူ့ရဲ့ ပါတနာအနေနဲ့ ပွဲကို ခေါ်သည်တဲ့။ သခင်ဟာလည်း ခွင့်ပြုထားသည်။ အိမ်မှ ဦးထုံ၊ဘဘမောင်နဲ့ မှန်ကြောင်ကိုတော့ ပွဲမှာ လိုအပ်သည်များ ကူညီပေးရန် ခေါ်ထား၍ သူတို့လည်း ပြင်နေကြသည်။ အိမ်ကို ကွန်ကစ်ဆိုသူရောက်နေ၏။ သခင့်၏ နိုင်ငံခြားက သူငယ်ချင်းဟု ကြီးကြီးမေက ပြောပြ၍ ပန်းသိပါသည်။
" လှလိုက်တာ ပန်းပန်းရယ် အရုပ်ကလေးကျရော "
လှလှ၏ စကားကြောင့် ပန်းရှက်ပြုံးလေး ပြုံးမိပါ၏။ သခင်ကိုယ်တိုင်ဝတ်ရန်ပေးထားသည့် ပွဲတက်ဂါဂန်လေး။ အဖြူခံလေး ဖြစ်၍ ပန်းရဲ့ ဖြူဝင်းနေသော အသားရည်ဖြင့် ပနံသင့်လှ၏။
လှလှသည်လည်း အပြာရင့်ရောင် စကပ်လေးနှင့် အပြာနုရောင် လက်ဖောင်းပွ အင်္ကျီလေးဖြင့် မြင်နေကျမဟုတ်သည့် ပုံစံတစ်မျိုးဖြင့် မြင်နေရ၏။ နှစ်ဦးသားပြင်ပြီးပြီ ဖြစ်၍ အောက်ထပ်စို့ ဆင်းကာ သခင့်အားစောင့်ကြသည်။ ဘဘမောင်တို့ ၃ဦးကတော့ ကားနားတွင် စောင့်နေကြ၏။ မသက်လည်း အောက်ထပ်တွင် ပန်းတို့ကို ထိုင်စောင့်နေ၏။ ပါတနာတွေ ဆိုသည့်အတိုင်း ဝတ်ထားကြသည်မှာလည်း ဆင်တူ။ မသက်ဟာ အပြာရင့်ရောင် စတိုင်ပန်အား အပြာနုရောင် ရှပ်အင်္ကျီလက်ရှည်ဖြင့် လိုက်ဖက်၊ သက်ရပ်စွာ ဝတ်ဆင်ထားသည်။ ပို၍မိုက်နေသအလား။ လက်ရှည်အား တစ်ဝက်ခေါက်တင်ထား၏။
ဆင်းလာပါပြီ...။ ပန်းရဲ့ သခင်။ ပန်းရဲ့ နတ်မိမယ်။ ပန်းရဲ့ အုပ်ထိန်းသူ။ လက်ရှိ အုပ်ထိန်းသူပေါ့။
လှပသည်။ ချောပါသည်။ လှပကျော့ရှင်းသော ခန္ဓာကိုယ်၌ မည်သည့်အေရာင်မဆို၊ ဖြူဝင်းချောအိသော အသားအရေ၌ မည်သည့်ဝတ်စုံမဆို လိုက်ဖက်လှသည်။ ခက်ထန်သော မျက်နှာကြောမှ မြင်သူ့အဖို့ ကြောက်လန့်စရာ။ သို့သော် ထို မျက်နှာအနေအထားဖြင့် သခင်ဟာ သူ့ပုံမှန်ပုံစံအတိုင်းကိုပဲ အတိုင်းမသိကြည့်၍လှသည်။ မိုက်သည်။ ထက်ပို၍ မည်သည့် စကားစုဖြင့် အများနားလည်ရန် မည်သို့ ဖွင့်ဆို ပြောပြရပါ့။
YOU ARE READING
သဘောအတိုင်းပါ၊ ကျွန်မ သခင် (Ongoing)
Fanfictionကျွန်မရဲ့သခင် ကျွန်မသခင်ဟာ နှင်းဆီပွင့်တွေနဲ့ သိပ်တူတာ။