အပိုင်း(၁၂) [Unicode]

108 8 1
                                    

အပိုင်း(၁၂)

ကျယ်ဝန်းသော အဖြူရောင်အခန်းကျယ်။ အသိစိတ်မဲ့စွာထိုင်နေသော မိန်းကလေးငယ်တစ်ဦး။ မိမိရှေ့မှ မျက်ဝန်းအစုံကို စုံမှတ်လျက် လှဲလျောင်းနေသောသခင်။ ပွဲဝတ်စုံလှလှလေးမှ လူနာဝတ်စုံလေးသို့ပြောင်းလဲသွားပြီ။ ထိုဝတ်စုံနှင့်တောင် တစ်မျိုးတစ်ဖုံကြည့်၍လှသည်။ ပွဲဝတ်စုံလေး မလဲရသေးသည်မှာမိမိပင်။ ခွဲစိတ်ခန်းမှ ထွက်လာပြီးအခန်းပြောင်းပြီးသည်ထိ ပန်းသည်အတိုင်းသာ သခင့်ကိုငေးကြည့်နေမိ၏။ ပန်းကိုကာကွယ်ခဲ့တာပဲ။ သခင့်နေရာတွင် ပန်းခံစားရမည်ကို သခင်ကအစားဝင်ခံပေးခဲ့သည်လား။ သခင်ဘာကြောင့်သည်လို လုပ်ရသနည်း။ ပန်းကိုရော မည်သူကများပစ်ဖို့ကြိုးစားသနည်း။ တစ်ဦးထဲအတွေးကမ္ဘာထဲရောက်နေ၏။

"ပန်းပန်း"

အနောက်မှ လာသည့်အသံကြောင့် လှည့်ကြည့်လိုက်ရာ မမခါး၊ကိုကြီးသူရနှင့် .... သခင့်အမေ။ သခင့်အမေဟာ အခန်းထဲရောက်သည်နှင့် သခင့်ဘေးဝင်ထိုင်ကာ နဖူးလေးကိုပွတ်လိုက် ပါးလေးကိုင်လိုက်ဖြင့် ဆိုးရိမ်နေပုံ။ သခင့်အမေ၏ ဆိုးရိမ်နေပုံမှာ ပန်းကိုမိဘတွေအား သတိရစေ၏။ ဒါကို ရိပ်မိသည်လားမသိ မမခါးဟာ ပန်းပခုံးသို့လာကိုင်၏။

"မမနဲ့စကားခဏပြောရအောင်"

*****
"ဒီမှာထိုင်"

ကားပါကင်နားသို့ ရောက်လာကြ၏။ ကားမရပ်ထားသည့်နေရာလွတ်များတွင် ဘောင်တန်းအသေးလေးပေါ်တွင်ထိုင်ရန် မမခါးဟာ လက်ပုတ်ပြ၏။ မှောင်မဲလျက်ရှိသော ကောင်းကင်ရံထက်၌ကြယ်တာယာများ။ မမေ့အမောငေးကြည့်ရသည်မှာ စိတ်အဆင်ကိုကင်းရှင်းစေ၏။

"မမ‌ေပြားရာနဲ့ မေးးရာရှိတယ် ပန်းပန်း"

"ဟုတ်ကဲ့မမခါး"

"အရင်းဆုံး မမပြောချင်တာက..... အမှန်တော့.. သခင့်အလစ်ကိုမမစောင့်နေတာ အခုအချိန်က အခွင့်အရေးရတုန်းမမပြောရမှာ"

"ရှင်.. ဘာကိုလဲမမခါး"

"ပြောချင်တာက အခုသခင့်အလစ်မှာ မမအခွင့်ရေးယူတာ....."
"အခု မမမေးမှာကို ပန်းပန်းဖြေပေးပါ"

သဘောအတိုင်းပါ၊ ကျွန်မ သခင် (Ongoing)Where stories live. Discover now