အပိုင်း၁၀
ယနေ့ညနေ သက်သက် သခင်သာစံ အိမ်ကို ရောက်လာ၏။ ပန်းဖို့ ဝတ်စုံလာပို့ခြင်း။
" ကျေးဇူးပါနော် မမသက် "
" ဟုတ်ကဲ့ရပါတယ်၊ ဒါနဲ့ လှလှရော "
" ရှင်...၊ ဟို အနောက်ဘေးမှာ ရှိမယ်ထင်တယ် ပန်းခေါ်ပေးမယ်နော် "
" ဟုတ်ကဲ့ ခေါ်ပေးပါဦး ပန်းပန်း မမသက် သူ့အမေကျန်းမာရေးအကြောင်းလေး သတင်းပေးမလို့ပါ "
" အယ်၊ လှလှရဲ့ အမေက နေမကောင်းလို့လား မမသက် "
ရုတ်တရက်ဆန်သော ပန်း၏ အမေးကိုသက်သက်ဖြေဖို့ တွန့်သွားရ၏။ ခေါင်းထဲ ချက်ချင်းပေါလာစေရန် မနည်းအားယူ စဉ်းစားရတော့သည်။
" ဟို..ဟိုဟာ နေ နေကကောင်းသွားပြီလေ အဲ့အကြောင်းလေး ပြောချင်လို့ပါ "
" အော် တော်သေးတာပေါ့ ၊ လှလှက နောက်မှာဆိုတော့ မမသက်ပဲ ဝင်သွားလိုက်လေ "
ပန်းစအပြောကို လက်ခံသည့်အနေဖြင့် ခေါင်းညိမ့်ကာ နောက်ထဲဝင်လာလိုက်၏။ လှလှဟာ အိမ်နောက်ဘက်ကို ထွက်သည့် နောက်ဘေးတံခါးဝတွင် ဂနာမငြိမ်ရပ်နေ၏။
" လှ "
" မသက် "
လွမ်းနေရသည့် ခန္ဓာကိုယ်လေးအား အားရပါးရ ထွေးပွေ့ထားမိ၏။
" အရေးကြီးလိုဆို ဘာကိစ္စလဲ လှ "
" မသက်.. မနေ့ကပဲ ဦးသီမာန်ဟိန်းကလှကို လှမ်းခေါ်လို့ လှသွားတွေ့ခဲ့တယ် "
" ဟမ် ၊ သူကဘာလို့ လှကိုခေါ်တာလဲ "
လှလည်း ဖြစ်ခဲ့သမျှ အားလုံးကို ပြောပြလိုက်တော့ မသက်ဟာ ဘာလုပ်ရမလဲ မိနစ်အနည်းငယ်ကြာ စဉ်းစားနေ၏။ ထို့နောက်...
" သူပြောတာ လက်ခံလိုက် "
" မသက်! "
" သူပြောတာကို လက်ခံလိုက် လှ ၊ ဒါက မသက်တို့အတွက် ကောင်းတဲ့ အကျိုးမြတ်လည်း ဖြစ်နိုင်တယ်၊ သူဘာလုပ်မလဲ ဆိုတာ မသက်တို့ အနီးကပ် ပိုစောင့်ကြည့်ရတာပေါ့ "
" လှနားမလည်ဘူး "
မသက်ဟာ လေပူတစ်ချက်ကို ထုတ်၏။
YOU ARE READING
သဘောအတိုင်းပါ၊ ကျွန်မ သခင် (Ongoing)
Fanfictionကျွန်မရဲ့သခင် ကျွန်မသခင်ဟာ နှင်းဆီပွင့်တွေနဲ့ သိပ်တူတာ။