အပိုင်း(၁၇)
ဟူး
ပါးပြင်ပေါ်ကျဆင်းနေသော မျက်ရည်များကိုလက်ဖြင့် ခပ်ကြမ်းကြမ်းပွတ်သပ်ကာ ရှည်လျားသောသက်ပြင်းရှည်ကိုချမိသည်။ ကုတင်ပေါ်သို့ အရုပ်ကြိုးပြတ်ထိုင်ချလိုက်ပြီး ကြမ်းပြင်အားကြည့်နေမိပြန်သည်။ ထိုကြမ်းပြင်ဟာ ပန်း၏ အဖော်မဟုတ်လား။
လွန်ခဲ့သော နာရီပိုင်းမှတွေ့ခဲ့ရသော မြင်ကွင်းဟာ သာမန်ဆိုသော်လည်း ပန်းအတွက်တော့ ရင်နာရသည်။ နာသည်။ တဆစ်ဆစ်နာသည်။ တွေးရင်းနှင့်ပင် ထပ်မံကျဆင်းလာသော မျက်ရည်ကြည်များကြောင့် အမြင်အာရုံဟာ မှုန်ဝါးနေပြီ။
ဘာမဟုတ်တဲ့ကိစ္စလေးကြောင့် အမြဲလိုလိုမျက်ရည်ကျတတ်သည့် မိမိကိုယ်ကိုလည်း စိတ်ပျက်မိသည်။ မဟုတ်ဘူး။ သခင်နဲ့ပတ်သတ်သမျှ သခင်နှင့်သက်ဆိုင်နေသမျှ ဟာပန်းအတွက်တော့ ရင်နာစရာကောင်းလှသည်။ သခင်ကြောင့်ပင် မျက်ရည်လွယ်တတ်လာရသည်။
ရင်နာတယ်သခင်။ ကျွန်မအရမ်းနာကျင်ရပါတယ်။ သိုသော် ကျွန်မရဲ့သခင် ကျွန်မသခင်အား ကျွန်မအပြစ်အမြင်ပါ။ ဝဋ်ကြွေးပဲလား။
လွန်ခဲ့သောနာရီပိုင်းက
သခင်ထမင်းစားပြီးသည်ထိ ပန်းစောင့်နေလိုက်သည်။ ထမင်းတစ်လုပ်စားသည်က အစ မျိုချသည်အထိ ပန်းကြည့်နေမိသည်။ သဘာဝလွန်ပန်းချီကားချပ်ဖြင့်တူသည်။ ယနေ့မှာတော့ သခင်ဟာ စတိုင်ပန်နက်ပြာရောင်နှင့် အင်္ကျီအဖြူလက်ရှည်တို့ကို ခေါက်တင်ကာ ဝတ်ထားသည်။ လေဒီရှူးအမဲလေးဖြင့်လည်း အရောင်ကွဲစွာ လိုက်ဖက်နေပါသေးသည်။ ဖြန့်ချထားတတ်သည့် ဆံနွယ်များကိုတော့ ယနေ့ထုံးဖွဲ့ထားသည်။
ပန်းမှာတော့ အပြင်ထွက်လျှင်မြန်မာဝတ်စုံနုနုလေးတွေသာ ဝတ်ဆင်တတ်လာ၍ အရင်ကမမခါးနှင့်တောင် ညီအစ်မတွေဟု ပြောလျှင်ယုံနိုင်ပါသည်။
သခင်ထမင်းစားပြီးတော့ ပန်းမှာချိုင့်တွေကို ပြန်ဆင့်ရင်းအလုပ်ရှုပ်နေသည်။ သခင်ကတော့လက်တော့ရှေ့ပြန်ထိုင်ကာ ပုံမှန်အလုပ်များကို လုပ်ဆောင်နေလိုပင်။
"သခင်ဒါဆို ပန်းပြန်....."
"ဟေ့... ခင်..."
ပန်း၏စကားမဆုံးခင်မှာ အနောက်မှထွက်ပေါ်လာသော အသံကြောင့် သခင်ရောပန်းပါ ကြည့်လိုက်မိသည်။ သခင့်အလုပ်ခန်းထဲသို့ မပြောမဆို တံခါးမခေါက်ပါပဲ ဝင်လာသော မိန်းကလေးတစ်ဦး။ ပန်းမျက်မှောင်ကြုံ့မိသည်။ ထိုမိန်းကလေးအား တစ်ခါမှမမြင်ဖူးပါ။
YOU ARE READING
သဘောအတိုင်းပါ၊ ကျွန်မ သခင် (Ongoing)
Fanfictionကျွန်မရဲ့သခင် ကျွန်မသခင်ဟာ နှင်းဆီပွင့်တွေနဲ့ သိပ်တူတာ။