အပိုင်း(၁၄)
၅နှစ်ခန့်ကြာသော်။ ။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ဟူသောစာတန်းရှည်ကြီးအောက်တွင် အိမ်စီးကားများ၊ အငှားယဉ်များများစွာရပ်တန့်စောင့်ဆိုင်းနေကြ၏။ ထိုထဲတွင် ကိုထုံအပါအဝင်ပင်။ မတွေ့ရတာကြာပြီဖြစ်သည့် ကိုယ့်ရဲ့သားကဲ့သို့အားကိုးရသော လူရွယ်လေးအား လာကြိုခြင်းဖြစ်လျှင်မမှားပါ။ ဟိုကြည့်သည်ကြည့်ဖြင့် ယောင်လည်လည်နေပူကျဲတဲရှာနေရသော ကိုတုံ့အဖြစ်ဟာလည်း သနားစဖွယ်။
"ဘထုံ ဘထုံဟုတ်ပါတယ်နော်.."
နောက်ကျောဘက်မှ ထွက်ပေါ်လာသည့် အသံကြောင့်လှည့်ကြည့်လိုက်ရာ မိမိထက် အရပ်ရှည်ပြီး သားသားနားနားခန့်ခန့်ညားညား ဝတ်ကောင်းစားလှများဖြင့် ကောင်ကလေး။ အလိုလေး.... လူလေးက ၅နှစ်တာအတွင်ပြောင်းလဲသွားခြင်းက မယုံနိုင်စရာ။ ဆံပင်အတိုလေးတွေကို နဖူးရှေ့ချထားတတ်သူက ယခုတော့ လည်ပင်းကျောရှည်ဆံပင်တွေကို သက်ရပ်စွာဖီးခြယ်ထားပြီး စတိုင်ပင်အရှည် တီရှပ်လက်တိုလေးဖြင့် ခန့်လို့ချောလို့ပင်။
"ဟေ့.... မှန်ကြောင် ဘထုံ လူတောင်မှားတယ်ကွာ.... မင်းခန့်လာတာပဲ"
"အဟားဟား .... ဘထုံရယ် ဟိုကလူငယ်တွေက သားလို့ပဲဗျ"
"ဟေ့..."
တူဝရီးတတွေပွဲကျနေစဉ် အနောက်မှ ရောက်လာသော သူရကြောင့် အရယ်ရပ်သွားကြသည်။ သူရကတော့ပြောင်းလဲသွားခြင်းသိပ်မရှိပါ။ အရင်အတိုင်းခန့်ညားတုန်းပဲ။ ပါလာတဲ့ အထုတ်အပိုးတွေကို ကားပေါ်တင်ကာ သခင်သာစံအိမ်သို့ တက်ချီပါတော့သည်။ အိမ်ေရာက်ချိန်တွင်တော့ မစုက အပြေးလေးကြိုရှာ၏။ မှန်ကြောင်လေးခန့်လာချောလာသည့်အပြင် ပညာတက်ရုပ်လေးပေါက်နေသည်ကတစ်ကြောင်း ကိုလေးသူရရဲ့ မိန်းမဟူသောအရှိန်ကတစ်ကြောင်းဖြင့် ၊ ဒါမှမဟုတ်.... ၅နှစ်သာခွဲခွာရ၍ စိမ်းသွားကြသည်လား မစုဟာ မှန်ကြောင့်အား သူဌေးနှင့်အလုပ်သမ များလို့ ဆက်ဆံနေ၏။
"မစုရယ် အရင်လို မှန်ကြောင်လို့ပဲခေါ်ပါ ဘယ်နဲ့ ကိုကိုလေးမှန်ကြောင်ဖြစ်ရတာတုန်း"
YOU ARE READING
သဘောအတိုင်းပါ၊ ကျွန်မ သခင် (Ongoing)
Fanfictionကျွန်မရဲ့သခင် ကျွန်မသခင်ဟာ နှင်းဆီပွင့်တွေနဲ့ သိပ်တူတာ။