အပိုင်း (၆)
ကြံရာမရသည့် အဆုံး အခန်းထဲရှိရှိသမျှ စောင်တွေ စုကာ ကြိုးရှည်တစ်ချောင်းပုံဖန်ဆင်သည်။ ဝရံတာကနေ တွဲလောင်း ပြုတ်ချကာ ဖြည်းဖြည်းချင်းဆင်းလာလိုက်သည်။ ခြံထဲ အရောက်တွင် ခြံတံခါးနားသို့ လူအရိပ်အခြေကြည့်ကာ လာလိုက်သည်။
တံခါးမှာ အလွန်ကြီးသည့်အပြင် ကျော်ကူးရန်မလွယ်ကူပါ။ ထို့ တစ်ခြားတံခါးများရှိနေမလား မတွေးဖြင့် လိုက်ရှာကြည့်တော့လည်း မတွေ့၍။ အိမ်ထဲသာ ပြန်ဝင်ဖို့ ဆုံးဖြတ်လိုက်သည်။ အိမ်ရှေ့တွင် အိမ်အကူများ ရှုပ်ရှုပ်သဲသဲ ဖြစ်နေသဖြင့် သရက်ပင်ကြီးအောက်တွင် အသာပုံနေလိုက်သည်မှာ အချိန်မည်မျှကြာပြီလည်း မသိ။
"မင်အဲ့မှာ ဘာထိုင်လုပ်နေတာလဲ ဟမ်"
အသံလာရာမော့ကြည့်မိရာ သခင်။
"ရှင်... ဟို"
"လာခဲ့"
လက်ကို ဆွဲကာ အိပ်ခန်းထဲ အတင်းခေါ်သွားသည်။
"ထွက်ပြေးဖို့ ကြိုးစားပြန်တာလား"
"မဟုတ်... မဟုတ်ပါဘူး"
"မဟုတ်ဘူးဆို ဒါကဘာလဲ"
တွဲလောင်းချထားသော စောင်ရှည်အား လက်ညှိုးထိုး၍ မေးသည်။
"မေးနေတာကို ဖြေလေ ပန်းပန်းဝေ!"
".........."
"မင်း အနေသလား၊ ငါမေးတာကို ဖြေစမ်းပါ"
"ပန်း... ပန်းကို အိမ်ပြန်ပို့ပေးပါ"
"ဘာလို့ ပြန်ချင်နေတာလဲ၊ မင်းကိုငါက ပိုက်ဆံနဲ့ ဝယ်လာတာ၊ ငါ့ကျွန်၊ ငါနဲ့ပဲ နေရမယ်လို့ မင်းကို ပြောပြီးသားပဲ"
"ပန်းမရှိပဲ မေမေကြီး တစ်ယောက်ထဲ အဆင်မပြေလို့ပါ ခဏလောက်ပဲ ပို့ပေးပါ၊ ပန်း သခင်နဲ့ ပြန်လိုက်နေပါ့မယ်"
"မရဘူး၊ မင်းထွက်ပြေးဖို့ ကြိုးစားတယ်၊ မင်းမှာ အပြစ်ရှိတယ်"
"ပန်းကို မေမေကြီးနဲ့ တွေ့ခွင့်ပေးရင် ပန်းထွက်မပြေးဘူးလို့ ပြောနေတယ်လေ!"
ပန်း၏အသံဖျော့ဖျော့လေးမှာ အနည်းငယ် မာကျောလာ၏။ ဒုန်းခနဲ သခင်၏ အကြည့်စူးစူးများဟာ ပန်းဆီရောက်လာသည်။ ပန်းဒူးထောက်ထိုင်ချကာ။
YOU ARE READING
သဘောအတိုင်းပါ၊ ကျွန်မ သခင် (Ongoing)
Fiksi Penggemarကျွန်မရဲ့သခင် ကျွန်မသခင်ဟာ နှင်းဆီပွင့်တွေနဲ့ သိပ်တူတာ။