အပိုင်း(၁၃)
တိတ်ဆိတ်ငြိမ်သက်နေသော အခန်းကျယ်ဝယ်။ ။
"သီချင်းဆိုတတ်တယ်ဆို.."
"ရှင်"
"မိလှလှပြောတာ မင်းကသီချင်းဆိုကောင်းတယ်တဲ့.."
ဟုတ်ပေစွ။ အထူးအဆန်းကြီးလုပ်မနေတော့ပါ လှလှက သခင့်ရဲ့လူယုံပဲမဟုတ်လား။ ပန်းရဲ့အကြောင်းအားလုံးကိုပြောပြထားတာ သိပ်သိတာပေါ့။
"ဆိုပြ.."
ပန်းအားစေ့စေ့ကြည့်ကာ ပြောသည်။ တောင်းဆိုနေခြင်းမဟုတ်ပဲ အမိန်မေးနေခြင်း။ ပန်းအားသီချင်းဆိုရန် သခင်က အမိန်ပေးနေခြင်း။ သို့သော် ပန်းခေါင်းထဲတွင် မည်သည့်သီချင်းကို ဆိုပြရန်သင့်မည်ကို စဉ်းစားနေမိသည်။ သို့သော်ခေါင်းထဲတွင်တော့ပေါ်မလာသေးပါ စဉ်းစားဟန်ဖြင့် ဟိုကြည့်သည်ကြည့်သာ လုပ်နေမိသည်။
"မဆိုပြချင်လည်းနေ စောင့်ရတာ သိတ်မရှည်ဘူး! "
ထိုသို့ပြောကာ ပြတင်းတံခါးဘက်သို့ အကြည့်ပြန်ရောက်သွားသော သခင်ကြောင့် ကပြာကယာပင်...
"မဟုတ်... မဟုတ်ပါဘူး.. ပန်းစဉ်းစားနေတာ ဘာဆိုပြရင်ကောင်းမလဲလို့"
"မင်းစိတ်ထဲရှိရာဆိုပြပေါ့"
"တ..တကယ်လား"
စကားဖြင့်အဖြေပါပဲ အကြည့်ဖြင့်ဖြေသည်။ ပန်းကိုသာ စောင့်ကြည့်နေတော့သည်။ အနေခက်စွာဖြင့် အကြည့်လေးလွှဲကာဖြင့် ချောင်းတစ်ချက်ဟက်လိုက်ပြီး ဆိုရန်ပြင်သည်။ သခင့်ကိုတစ်ချက်ကြည့်တော့ ပန်းဆိုမည်ကို စောင့်နေဟန်။ ခေါင်းလေးအောက်ငုံ့၍ မျက်လုံးများကို မှတ်ချကာ အသံမပါသော မူလအသံချိုချိုလေးဟာ အခန်းထဲဝယ် လွင့်ပြန့်လို့နေ၏။
" အမှန်တကယ်...ဖွင့်ပြောပြချင်ပါတယ်...
ကိုယ်ချစ်ခဲ့တာ အမှန်ကွယ်... ကိုယ့်စိတ်ကူးအိမ်မက်တွေရယ်...
အမှန်တကယ်... လှည့်စားဖို့ရာမရည်ရွယ်...
မျှော်လင့်ချက်သာပြန်လည်...
ဟန်ဆောင်ထိန်းသိမ်းကာရယ်... တကယ်ဆိုအသည်းကွဲမှာ ကိုယ်ကြောက်နေတယ်...
ဟိုအရင်လို မင်းကိုလေ တိုက်ဆိုင်ရင်ကွယ်... "
YOU ARE READING
သဘောအတိုင်းပါ၊ ကျွန်မ သခင် (Ongoing)
Fanfictionကျွန်မရဲ့သခင် ကျွန်မသခင်ဟာ နှင်းဆီပွင့်တွေနဲ့ သိပ်တူတာ။