အပိုင်း၅
အချိန်များဟာ နေ့နဲ့ည အသီသီကုန်ဆုံးသွားကြရာ ကျွန်မ 'သခင်စံသာ' ကိုရောက်နေတာ တစ်ပတ်ပြည့်ပြီ။ နေ့နေ့ညည မေမေကြီးကို လွမ်း၍ ကြိတ်ငိုရသည် နေ့များလည်းရှိသည်။ ကျွန်မကို ကျွန်အနေနဲ့ခေါ်လာသော သခင်ဟာလည်း ကျွန်မကို ဘာအလုပ်မှ မယ်မယ်ရရ မခိုင်းသေးပါ။ ပျင်းလွန်း၍ ကြီးကြီးမေ၏ အလုပ်များကို ဝိုင်းကူလုပ်ပေးမိလျှင် အဆူခံရသည်။ သည်ကြားထဲ ကျွန်မ ထွက်ပြေးဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ဖူးပါသည်။ မအောင်မြင်သည့် အပြင်ကိုမှ သခင်မိ၍ အရိုက်ခံရသည်။ မေမေကြီးတောင် မရိုက်ဖူးသည့် ကျွန်မ၏ ခြေသလုံးများကို 'ထွက်ပြေးဦးမလား' ဟုအကြိမ်ကြိမ်မေး၍ ရိုက်သည်။ ထိုနေ့က မမခါးသာ ဝင်မတားခဲ့ပါလျှင် ကျွန်မလမ်းတောင် လျှောက်နိုင်ပါ့ဦးမလား။
မေမေကြီးကိုလည်း စိတ်ပူပါသည်။ အခုချိန်ဆို မေမေကြီး ဘာတွေလုပ်နေမလဲ ဝင်းဝင်းကရော စောင့်ရှောင့်ထားမေးနိုင်ပါ့မလား။ အချိန်တစ်ပတ်သာ ကြာခဲ့သော်ငြား ကျွန်မထိုအိမ်မှာ နည်းနည်းလေးမျှမပျော်ရပါ။ ကိုကြီးသူရနှင့် မမခါးမှ သဘောကောင်းကြသလောက် သခင်ကတော့ ကျွန်မအပေါ်ကို စိမ်းကားသည်။ အမြဲနာကျင်အောင်လုပ်သည်။ ကျွန်မစိတ်ထဲတွင် အိမ်ပြန်ဖို့သာ အားသာနေပြီး အရရအောင် ထွက်ပြေးဖို့ပဲ စိတ်ထဲတွင်ရှိသည်။
*****************
"ဟာ ကြီးကြီးချမ်းမြရယ် မလုပ်ပါနဲ့ဆို သမီးလုပ်ပေးပါ့မယ် မတော်လို့ အပူလောင်ရင် ဒုက္ခ"ညနေ ၄နာရီထိုးခါနည်းပြီမို့ ဝင်းဝင်းအကြော်ရောင်းဖို့ ပြင်ဆင်နေရင်း ဆီသံကြား၍ လာကြည့်လိုက်ရာ ကြီးကြီးချမ်းမြဟာ ဆီအိုးထဲ အကြော်တွေ ပစ်ထည့်ကာ ယောင်းမနှင့် မွှေနေ၍ ဝင်းဝင်းလန့်သွားရသည်။ မတော်လို့များ ဆီပူလောင်ရင်ဒုက္ခ။
"ကဲ ကြီးကြီးချမ်းမြ အရှေ့မှာပဲ သွားထိုင်နေနော် သမီးပဲ ဆက်ကြော်လိုက်ပါ့မယ်"
"သမီးတစ်ယောက်ထဲ ပင်ပန်းနေတာ ကြီးကြီးကူညီပေးချင်လို့ပါ"
ကြီးကြီးချမ်းမြ၏ စကားကြောင့် ဝင်းဝင်းပြုံးလိုက်မိပါသည်။ ဒါကို တာဝန်တစ်ခုလို ဝင်းဝင်းမသတ်မှတ်ပါ။ ကြီးကြီးချမ်းမြဟာ ဝင်းဝင်းအတွက်တော့ မိခင်တစ်ဦးလိုပင်။ ငယ်ငယ်ထဲက ပန်းနဲ့ တန်းတူ ဂရုစိုက်ကာ စောင့်ရှောက်ပေး၍ မိခင်မေတ္တာ ဆိုသည်ကို ကြီးကြီးချမ်းမြပေးမှ ခံစားဖူးခဲ့သည်။ ကြီးကြီးချမ်းမြဟာ မတော်တစ ဖြစ်၍ မျက်လုံကွယ်ခဲ့သည်။ ဒါဟာလည်း ပန်းနှင့် ဝင်းဝင်းတို့ရဲ့ အပြစ်မကင်းပါ။
YOU ARE READING
သဘောအတိုင်းပါ၊ ကျွန်မ သခင် (Ongoing)
Fanfictionကျွန်မရဲ့သခင် ကျွန်မသခင်ဟာ နှင်းဆီပွင့်တွေနဲ့ သိပ်တူတာ။