အပိုင်း၄
ကူကယ်ရာမဲ့စာ ပန်းအော်ငိုနေမိသည်။ သခင်ထွက်သွားသည့်ဘက်ကို မျက်နှာမူကာ သူမအား အိမ်ပြန်ပို့ပေးဖို့ အော်ခေါ်နေသည်။ တစ်ခြားသူများမှာလည်း သနားရုံကလွဲ ဘာမှ မကူညီနိုင်ပါ။ ထိုစဉ် ပန်းပခုံးကို လာကိုင်သော လက်နုနုလေးများ ပန်းမော့ကြည့်လိုက်တော့။
"ဒဏ်ရာတွေ ဆေးအရင်ထည့်ရအောင်နော် ညီမလေး...၊
ကြီးကြီးမေတို့ အားလုံးပဲ အိပ်ကြတော့နော် ဒီကလေးမကို ခါးအခန်းထဲပဲခေါ်သွားတော့မယ်""မမလေးက သူ့အခန်းဘေးမှာထားရမယ်ဆိုလို့ ကြီးကြီးမေလူလွှတ်ပြီး ရှင်းခိုင်းလိုက်မယ်နော် သမီးခါး"
"သဘောပါ"
ကြီးကြီးမေနဲ့စကားပြောပြီး ထိုအမျိုးသမီးဟာ ပန်းကိုလှည့်ကြည့်ပြီး ထူပေးသည်။
"မမနဲ့အခန်းထဲလိုက်ခဲ့နော်"
"ပန်းကို အိမ်ပြန်ပို့ပေးပါ.."
"ပြန်ရမှာပေါ့ညီမလေးရယ်... ခုလောလောဆယ်တော့ ဒဏ်ရာတွေဆေးအရင်ထည့်ကြရအောင်နော်"
ဟုပြောပြီး အပေါ်ထပ်ကိုခေါ်လာသည်။ အခန်းထဲကို ဝင်တော့ ကျယ်ဝန်သည်။ နှစ်ယောက်အိပ်ကုတင်တစ်လုံးလည်းရှိသည်။ ထိုမမ၏အခန်းဟုထင်ရသည်။
"လာဒီမှာလာထိုင်"
ကုတင်ဘေးကို လက်ပုတ်ပြသည်။ ပန်ပြသည့်နေရာအတိုင်း ဘေးစောင်းလေးထိုင်လိုက်သည်။ ထိုမမဆိုသော အမျိုးသမီးမှာ ကုတင်ဘေးရှိခုံအောက်ထဲက သေတ္တာတစ်လုံးကိုထုတ်သည်။ ဆေးသေတ္တာဖြစ်သည်။ ကျွမ်းကျင်သူတစ်ယောက်ပမာ ဆေးပုလင်များထဲမှ ဆေးရည်အချို့ကို ဂွန်းနဲ့စွတ်သည်။ ထို့နောက် ပန်းခြေထောက်ကိုယူ၍ ခြေသလုံးမှ ဓားရှက်ရာအားကြည့်သည်။ အရက်ပြန်နှင့်ဖြေးဖြေးလေးတို့သည်။ ပန်းကိုကြည့်၍....
"နည်းနည်းလေးစပ်မယ်နော်.... မမဖြည်းဖြည်းလုပ်ပေးပါ့မယ်"
ပန်းကို ဆေးထည့်ပေးနေသော ထိုမမဟာ အတော်လှသည်။ အိမ်နေရင်းညအိပ်ဝတ်စုံဖြင့်လည်း ကြည့်၍ကောင်းပါသည်။ စိတ်ရင်းလေးလည်း ကောင်းပုံရသည်။ ပန်းနာမှာ ဆိုး၍လား ဖြည်းဖြည်းချင်းစီ ထည့်ပေးနေသည်။ ဆေးထည့်နေရင်း ပန်းကို လှမ်းကြည့်ကာ
YOU ARE READING
သဘောအတိုင်းပါ၊ ကျွန်မ သခင် (Ongoing)
Fanfictionကျွန်မရဲ့သခင် ကျွန်မသခင်ဟာ နှင်းဆီပွင့်တွေနဲ့ သိပ်တူတာ။