အပိုင်း(၂)
"ကျွတ် ကျွတ် ကျွတ်"
မနက်မိုးသောက်တွင် ငှက်ကလေးများ၏ ညည်းတူးသံများ။ သာယာလှသော ကောင်ကင်ပြာကြီးနှင့် အတူ အပင်ငယ်များ၊ အကြီးများသာရှိသည့် ကြီးမားထယ်ဝါသော စံအိမ်ကြီးတစ်လုံး။ ခြံတံခါးဝဘေး နံရံတွင် "သခင်စံသာ" ဟူ၍အမည်ရှိသည်။
"တီ....တီ...."
နှိုးစက်သံကြောင့် စောင်ပုံကြီးထဲမှ ထလာသော အမျိုးသမီးတစ်ဦး။ သူမရဲ့ အခန်ကြီးမှာ ကျယ်ပြန့်လှသည်။ သုံးယောက်လေးယောက်အိပ်ကုတင်ကြီးပေါ်မှ ခြေချထိုင်ကာ ဖိနပ်ပါးလေး စီး၍ရေမိုးသန့်စင်ရန် ရေချိုးခန်းဟုထင်ရသော အခန်းထဲသို့ ဝင်သွားသည်။
ရေချိုးသန့်စင်ပြီးသော အခါ အဝတ်လဲ ခန်းထဲသို့ဝင်ကာ ရာသီဥတုနှင့်ကိုက်ညီမည့် အဝတ်တစ်စုံကို စိတ်အေးလက်အေးရှာနေပုံရ၏။အနက်ရောင် စတိုင်ပန်ရှည်၊ အဖြူရောင် ရှပ်အင်္ကျီလက်တိုကို ခါးကြားထဲ ထည့်၍ဝတ်ဆင်ကာ ကျောလယ်ရှိ ဆံပင်ဖျားနားအကောက်ကြီးများကို စည်းထုံးထားခြင်းမရှိပဲ ဖြန့်ချထားသည်။ လေဒီရှူးအနက်ရောင်ကိုစီးကာ လက်ပတ်နာရီအမဲရောင်ကိုပတ်၍ စမက်ဖုန်းနှင့် ဘဏ်ကဒ်၂ခုကို ဘောင်းဘီအိတ်ကပ်ထဲ ထည့်သည်။ သူမပုံစံမှာ ပေါ့ပေါ့ပါးပါးဖြင့် သိပ်ကြည့်ကောင်းသည်။ သူဌေးသမီးဟု မထင်ရလောက်အောင် ပေါ့ပါးလွန်းလှသည်။ နောက်ဆုံး အနေဖြင့် လေဒီကုတ်အမဲကို လက်တွင်ချိတ်ကာ အောက်ထပ်သို့ဆင်းရန်ပြင်သည်။
"မမလေး လာပြီးဟေ့"
ဟုသော မိန်းမငယ်လေး တစ်ဦး၏ အသံကြောင့် အောက်ထပ်တွင် မိမိ၏အလုပ်ကိုယ်စီကို လုပ်ဆောင်နေကြသူများမှာ ပြာယာခက်ကုန်ကြ၏။ ထိုသူများထဲမှာ အသက်ပိုကြီးသည်ဟုထင်ရသော အဒေါ်ကြီးမှာ လှေကားအောက်နားတွင် အသင့်စောင့်နေ၏။ သူမမှာ လှေကားမှ ကျော့မော့စွာဆင်းလာပြီး အောက်တွင်ရပ်သည်။
"မနက်စာ စားတော့မလား မမလေး"
"မစားတော့ဘူး ကြီးကြီးနန်း၊ သမီးဒီနေ့ မနက် breakfast meeting ရှိတယ် နေ့လယ်ကျရင် အစီးဝေးရှိလို့ ထမင်းမပို့ခိုင်းနဲ့တော့ ဖြစ်သလိုပဲ စားတော့မယ်၊ ပြီးတော့ ညကျရင် အိမ်ပြန်နောက်ကျမယ် လေလံပွဲဖတ်ထားလို့ သွားရဦးမယ်"
YOU ARE READING
သဘောအတိုင်းပါ၊ ကျွန်မ သခင် (Ongoing)
Fanfictionကျွန်မရဲ့သခင် ကျွန်မသခင်ဟာ နှင်းဆီပွင့်တွေနဲ့ သိပ်တူတာ။