အပိုင်း (၈)
" သခင်ပြန်လာပြီ "
ည ၈ခွဲအချိန်တွင် ခြံဝန်းထဲသို့ ကားသံကြား၍ ပန်းဆင်းကြိုမိသည်။ သခင့်လက်ထဲမှ လက်ဆွဲအိတ်ကို လှမ်းယူလိုက်တော့ သခင်ဟာ နားမလည်သည့် မျက်လုံး ကျယ်များဖြင့်ကြည့်သည်။
" သခင် ထမင်းစားပြီး ပြီလာဟင်၊ ပန်းပြင်ပေးရမလား "
" ဟင့်အင်း စားခဲ့ပြီးပြီ "
အခန်းထဲသို့ ဦးတည်သွားသောကြောင့် ပန်းလဲ အနောက်မှ ကုတ်ကုတ်လေး လိုက်ခဲ့လေသည်။ ထိုမြင်ကွင်းကို ကြည့်၍ ခါးတစ်ချက်ပြုံးပြီး ဘေးမှာ ရပ်နေတဲ့ သူရ လက်မောင်းကို လှမ်းပုတ်လိုက်သည်။
" ဟဲ့ ... ပန်းပန်းကို ကြည့်ရတာ သခင်နဲ့နေရတာ အဆင်ပြေနေပြီထင်တယ် "
" ဖြည်းဖြည်းရိုက်ပါ ငညှောင်ရိုးမရယ် နာလိုက်တာ "
" ဘာကို ငညှောင်ရိုးမလဲ လူကိုများ "
သူရဟာ လျှာထုတ်ပြပြီး မီးဖိုဆောင်ထဲ ဝင်သွားရာ ခါး ခေါင်းဖြည်းညင်းစွာ ခါယမ်းမိသည်။
" ကလေးကလားနဲ့ သူငယ်ပြန်နေရှာတာပဲ ရွာသာကြီး ပို့ပေးရဦးမယ် ကျွတ်ကျွတ်ကျွတ် "
" ငညှောင်ရိုးမ ငါအကုန်ကြားတယ်နော် "
" ကြားအောင် အော်ပြောတာလေ အရူးသူငယ်ပြန်ကောင်ရဲ့ "
" ဟဲ့ ရူးလည်း မရူးဘူး သူငယ်လည်း မပြန်ဘူး ယောက်ျားယူရဦးမှာဟဲ့ "
" ဟယ် ဘုရား ဘုရား နင်ဂေးနေမှန်း အခုမှ သိတော့တယ် "
" သိအောင်ပြောပြတာ "
ခါးဟာ ခေါင်းခါ၍ မိမိအခန်းထဲသာ ဝင်လာလိုက်သည်။ သူရလို့ ဗလတောင့်တောင့် ထောင်ကောင်းကောင်း ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ကြီးက ခုလို ကွေးနေမှန်း သိ၍ ခါးတရားပေါက်သွားလေပြီဖြစ်သည်။
" သခင် ညအိပ်ဝတ်စုံပါ "
ပန်းကမ်းပေးစော အင်္ကျီကို ယူက အဝတ်လဲ ခန်းထဲသို့ဝင်ကာ လဲလိုက်သည်။ ရေချိုးပြီးရင် ဒီကလေးမ ပြန်မယ်ထင်ထားသော်လည်း အင်္ကျီထုတ်ပြီးတောင် စောင့်နေသေးသည်။
YOU ARE READING
သဘောအတိုင်းပါ၊ ကျွန်မ သခင် (Ongoing)
Fanfictionကျွန်မရဲ့သခင် ကျွန်မသခင်ဟာ နှင်းဆီပွင့်တွေနဲ့ သိပ်တူတာ။