အပိုင်း(၁၆)
"ဦး...."
ဦးသီမာန်ဟိန်းဟာ ကုတင်ခေါင်းရင်းကို ကျောမှီကာ ခြေထောက်လေးများအား စောင်လေးခြုံထားသော မိန်းကလေးအနားသို့ ရောက်လာပြီး ကုတင်ပေါ်သို့ တင်မလွှဲထိုင်လိုက်သည်။ ထို့နောက် ထိုမိန်းကလေး၏ လက်သေးသေးနုနုညိုညိုလေးများအား ဖမ်းစုပ်ကိုင်လိုက်တော့ မျက်လုံးလေး အဝိုင်းသားဖြင့်ကြည့်နေရှာသည်။
"ဦးတို့ လက်ထပ်ရအောင်.."
"ရှင်.."
"ဦးရယ် ချက်ချင်းကြီး.. ဘာဖြစ်လို့လဲ ဆရာဝန်က ဘာပြောလိုက်လို့လဲဟင်""ဝင်းမှာ ကိုယ်ဝန်ရှိနေပြီတဲ့"
"ရှင်..."
မိန်းမရှုပ်သည်။ ကြီးကြီးငယ်ငယ်အကုန်တွဲခဲ့ဖူးသည်။ သို့သော်... ထိုဝင်းဝင်းဟူသော ကလေးမလေးနှင့်မှ ကြီးမားသော အမှားကို ကျူးလွန်မိပြီ။ ပြန်ပြင်၍မရတော့ပါ။ ဝင်းဝင်းကို ဦးသီမာန်ချစ်သည်။ မြတ်နိုးသည်။ ဝင်းဝင်းနှင့်တွဲသည့်နေမှစ၍ အရှုပ်အရှင်းကင်းရန်ဝေးဝေးနေခဲ့သည်။ လှလှနှင့်တောင် လမ်းခွဲခဲ့သည်။
ထိုကလေးမနှင့် တစ်အိုးတစ်အိမ်ထူထောင်ဖို့ရန် ဦးသီမာန် အဆင်သင့်ဖြစ်ပေပြီ။
"ဦး..."
"ဦးပျော်တယ် ကလေးရယ်... ဦးရဲ့ကိုယ်ပွားလေးကို ဝင်းလေးက လွယ်ထားတာပဲကို"
"ဦးကို လက်ထပ်မလားဝင်း""ဝင်းကြောက်တယ်..."
"ဘာကိုလဲ ဝင်းရဲ့"
"ဦးကို သူများတွေကဲ့ရဲ့လိမ့်မယ်... ဝင်းကဦးထက် အများကြီးငယ်တယ်... ပတ်ဝန်းကျင်းက...."
"ဦးဂရုမစိုက်ဘူး"
ဝင်းပြောနေသည့် စကားတောင် ဆုံးအောင်နားမထောင်ပဲ ဖြတ်ပြော၍ ဝင်းအနည်းငယ်လေး ပြုံးမိပါသည်။
"ဦး...ဝင်းလေ....ဝင်းက ဦးရဲ့စည်းစိမ်းကို မမတ်မောပါဘူး"
"ဦးကို ချစ်တယ်..."ဦးသီမာန်ဟာ အရှေ့သို့ အနည်းငယ်တိုးကာ ဝင်းရဲ့ ကိုယ်လေးကို ခပ်ဖွဖွလေးတိုင်းဖက်လိုက်သည်။ အကျပ်ကြီး မဖက်ရဲပါ ဗိုက်ထဲမှာ ကိုယ်ပွားလေးရှိနေသည်လေ။ အချစ်ဆိုတဲ့အရာဟာ ထိုမျှ နူးညံ့မှန်း ဦးသီမာန်မသိခဲ့ရိုးအမှန်ပါ။
YOU ARE READING
သဘောအတိုင်းပါ၊ ကျွန်မ သခင် (Ongoing)
Fanfictionကျွန်မရဲ့သခင် ကျွန်မသခင်ဟာ နှင်းဆီပွင့်တွေနဲ့ သိပ်တူတာ။