အပိုင်း(၁၅)
"ကြီးကြီးမေ မွှေးနေတာပဲ ဘာတွေချက်နေတာလဲ"
"မုန့်ဟင်းခါးလေ ပန်းပန်းရဲ့"
"မနက်စာအတွက်လား ကြီးကြီးမေ"
"မဟုတ်ပါဘူး သမီးရယ် ဒီနေ့က သလေးရဲ့ မွေးနေ့လေ"
နောက်ဘေးမှ ထွက်လားသောဒေါ်မြသခင်။ ဒီနေ့က သခင့်ရဲ့မွေးနေ့ပဲ သီတင်းကျွတ်လပြည့်နေ့ ဖြစ်သည့် October 17 ရက်နေ့ဟာ သခင့်မွေးနေ့ပဲ။ ကျွန်မမှတ်ထားရဦးမည်။
"သမီးလည်း ကူပေးမယ်လေ"
ကျွန်မလည်း လိုအပ်မည်ထင်သည်များကို ဝိုင်းကူညီပေးခြင်းဖြင့် အလုပ်ရှုပ်သွားတော့သည်။ မနက်၇ခွဲအချိန်တွင်တော့ သခင်ရောက်လာပြီး မနက်စာမုန့်ဟင်းခါးစားသည်။
ယနေ့တွင်တော့ သခင်ဟာ ယခင်နေ့ရက်များဖြင့် မတူခြားနားစွာ ဝတ်ဆင်ထားသည်။ အနီရောင်ဇင်းမယ် လက်ပြတ်မြန်မာဝမ်းဆက်လေးဖြင့်။ မမြင်ဖူးသော ပုံပန်းသဏ္ဍာန်ဖြစ်၍ ကျွန်မဦးနှောက်မှ တစ်ဆင့်နှလုံးတွင်းထဲထိ ထို ပုံရိပ်ကို မှတ်ထားမိသည်။
မြန်မာဆန်ဆန်ရိုးရိုးယဉ်ယဉ်လေးဖြင့် အကြည်ဓာတ်လေးဖြစ်နေပြီး အေးချမ်းလှသည်။ ဒေါ်မြသခင်ပြောတာတော့ ဘုရားသွားမလို့တဲ့။ မမခါးကတော့ နိုက်ဂျူတီရှိ၍ မနက်ပိုင်းတော့ အားသည်တဲ့။ ကိုကြီးသူရက လိုက်ပို့၍ သူတို့၎ယောက် အတူသွားကြသည်။
ကျွန်မလည်း ကြီးကြီးမေအား ကူညီပေးနေလိုက်သည်။
"ပန်းပန်းရဲ့ မွေးနေ့ကရော ဘယ်နေ့တုန်း"
"၂၀ ရက်နေ့ပါ ကြီးကြီးမေ"
"ဟယ် ဒီလထဲမှာပဲလား"
ကြီးကြီးမေ၏ အမေးကို ယဲ့ယဲ့လေးပြုံးပြ၍ခေါင်းညှိမ့်မိ၏။ လာမယ့် ၂၀ ရက်နေ့ဆို ကျွန်မအသက် ၂၀ ပြည့်ပြီး မဟုတ်လား။ ကျွန်မအသက်၂၀ ပြည့်ရင် မေမေကြီးနှင့်အတူ ဘုရားသွားပြီး နန်းကြီးသုတ်လုပ်စားကြမည်ဟု ကျွန်မကတိပေးခဲ့ဖူးပါသည်။ ယခုတော့ဖြင့် ထိုကတိကိုလည်း ကျွန်မတည်နိုင်တော့မည်မထင်ပါ။
"ပန်းပန်းလေး အဲ့နေ့ကျ ဘာစားချင်လဲ၊ ကြီးကြီးမေလုပ်ကျွေးမယ်ကွယ်"
YOU ARE READING
သဘောအတိုင်းပါ၊ ကျွန်မ သခင် (Ongoing)
Fiksi Penggemarကျွန်မရဲ့သခင် ကျွန်မသခင်ဟာ နှင်းဆီပွင့်တွေနဲ့ သိပ်တူတာ။