အပိုင်း(၃) [Unicode]

116 6 0
                                    

အပိုင်း(၃)

ကျွန်မမျက်လုံးတွေ ရီဝေနေသည်။ စကားသံအချိုကို အတိုင်းတာကြားနေရသည်။

"ဖြစ်ပါ့မလားဟ"

"ဘာ မဖြစ်စရာရှိလဲ... ကောင်မလေးက ငယ်လည်း ငယ်တယ် လှလည်း လှတယ် သူ့ကို ဈေးကြီးပေးရွေးမဲ့သူတွေရှိမှာပါ"

"ဆရာသိရင် မလွယ်ဘူးနော်"

"ဆရာသိလည်း သိပေါ့... သူ့ကို ရွေးသွားကြရင် ငါတြိ့အမြတ်ရမှာနော်"

ကျွန်မမျက်စိရှေ့တွင် ကျွန်မကို ရောင်းစားကြဖို့ ပြောနေကြသလား။ ကျွန်‌မဘေးဘီကို ဝေ့ကြည့်တော့ ဂိုထောင်နှင့် တူသော်ငြား အခန်းဟာကျင်းသည်။ ကျွန်မကိုခေါ်လာသော လူကြီးမှ ကျွန်‌မရှေ့တိုးလာပြီး။

"ဘာမှ ကြောက်မနေနဲ့ မင်းဘဝလေး ပိုကောင်းသွားမှာ။ အခက်အသင့်လို့ သူဌေးကတော်တောင် ဖြစ်သွားနိုင်တယ် လမ်းဘေးက ကောင်‌‌တွေရဲ့ မိန်းမဖြစ်ရမဲ့အစား သူဌေးကတော်ကပိုကောင်းပါတယ် ခဏပဲစောင့်"

"ဟင့်အင်း ဟင့်အင်း ကျွန်မကို အခုလွှတ်ပေး .... မေမေကြီးဆီပြန်ရမယ်.. ကျွန်မကိုလွှတ်ပေးပါ တောင်းပန်"

"ဖြန်း...."

အနောက်ကတစ်ယောက်မှ သူ၏လက်ပြန်နှင့် ကျွန်မ၏ ပါးကို ရိုက်သည်။ အားပြင်းသဖြင့် ကျွန်မ တစ်ဖက်သို့ လှည့်သွားသည်။ အခုမှ သတိထားမိသည် သူတို့ ကျွန်မလက်တွေကို ကြိုးတုတ်ထားသည်။ လက်များမှ လှုပ်၍တောင်မရပါ။ ကျွန်မပါးပြင်ပေါ်မှာ မျက်ရည်များကျဆင်လာရသည် တစ်ကိုယ်လုံးကိုက်ခဲနေသည်။ ပါးနှစ်ဖက်မှာလည်း ရိုက်ခံထားရသည့် ဒဏ်ကြောင့် နာနေသည်။

"ကျွန်မကို... ကျွန်မကို လွှတ်ပေးပါရှင် အီဟီးးး ကျွန်မ မေမေကြီးဆီပြန်ရမယ် အွန်းး...."

အဝတ်စတစ်ခုမှာ ကျွန်မပါးစပ်ပေါ်ရောက်လာသဖြင့် ဘာစကားမှ ဆက်၍ပြောမထွက်တော့ပါ ဂုံဏီအိတ်တစ်လုံးဖြစ်လည်း ကျွန်မခေါင်းကိုစွတ်ချသည်။ ဘာမှ မမြင်ရတော့ပါ။

*************
 
"ခေါင်းချွတ်ပေးလိုက်ကြလေ"

ကြေငြာသူ အသံကြောင့် ကောင်လေးမှာ ပန်း၏ ခေါင်းပေါ်မှ အိတ်ကို ချွတ်ပေးသည်။ ရုတ်တရပ်အလင်းရောင်ကြောင့် မျက်စိကြိမ်း၍ မှိတ်တုတ်မှိတ်တုတ်ဖြင့် အရှေ့ကို အားစိုက်ကြည့်ရသည်။ လူတွေ။ လူတွေ အများကြီးပင်။ အားလုံးဟာ ပန်းကို စိုက်ကြည့်နေကြ၏။ ပန်ထွက်ပြေးချင်လိုက်တာ ဘယ်ရောက်နေမှန်းပန်းမသိပါ။ ပန်းသိတာ တစ်ခုက မေမေကြီးဆီ ပြန်ချင်သည်။

သဘောအတိုင်းပါ၊ ကျွန်မ သခင် (Ongoing)Where stories live. Discover now