အပိုင်း(၇)
" သ, နင့်ဦးလေးက တော်တော် လွန်လာပြီနော်၊ ဒီမနက်ပဲ အထည်ရုံက အမြတ်ငွေစရင်းက မှားနေတယ်၊ လိမ်းယူထားတာ သေချာတယ် "
နိုင်ငံခြားသား ကွန်ကစ်ဟာ မြန်မာစကားကို အပီသလ ပီသလ ဖြင့် စိတ်ဆိုစွာပြောနေသည်။
" လွှတ်ထားလိုက်ပါ "
" နင်အဲ့လိုမပြောနဲ့လေ "
" အဲ့လိုမပြောလို့ ဘယ်လိုပြောရမလဲ၊ ငါ့ဦးလေးဖြစ်နေလို့ မဟုတ်ဘူး ကွန်ကစ် ငါတို့မှာ သက်သေမရှိဘူး၊ တရားဆွဲတယ်ဆိုတာ ဆွဲချင်တိုင်း အဲ့လိုကို ထောင်ချချင်ပါတယ်ဆိုပြီး ငွေနဲ့ ပိတ်ပေါက်လို့ရနေတဲ့ ကိစ္စလည်း မဟုတ်ဘူး "
" ကျစ်..... ဒါဆို သက်သေရှာမယ်လေ၊ ဘာလို့ ငြိမ်နေတာလဲ "
ထိုအချိန်တွင်တော့ သခင်ငြိမ်သွားရပြီ။ အဖေပြီးရင် သခင်အခင်တွယ်ဆုံးက ဦးလေး ဦးသီမာန်ဟိန်း။ ထောငကျလောက်တဲ့ အပြစ်တွေကို လုပ်နေတာတောင် သခင် မလုပ်နိုင်သေးပါ။ ဦးသီမာန်ဟိန်းဟာ သခင့်အဖေနဲ့ အကျင့်စရိုက်ကလွဲရင် ရုပ်အဆင်း အသွင်တူသည်။
" ဆရာ၊ ဆရာ၊ သတင်းတစ်ခုပါ ပါတယ် "
သောက်လက်စ အရက်ခွက်ကို ချကာ သတင်းလာပေးသော တပည့်ကျော်ထံ မျက်နှာမူလိုက်သည်။
" အေး ဆိုပါဦး "
" ကျွန်မသခင်ရဲ့ အိမ်မှာ အိမ်ဖော်မလေး တစ်ယောက် ရောက်နေပါတယ်ဆရာ "
" ဟား... ချီးလား၊ သခင်က တွေ့တမျှ လူ အိမ်ပေါ်ခေါ်ပြီး ခန့်နေကျပဲကို "
" မတူဘူးနော်ဆရာ၊ အခုရောက်လာတဲ့ တစ်ယောက်က ဘာအလုပ်မှ မလုပ်ရပဲ အခန့်သားလေး အိမ်ပေါ်ကပ်နေ နေရတာ "
" ဘာ..... "
" ဟုတ်တယ်ဆရာ၊ အဲ့ကောင်မလေးက ငယ်သေးပုံပဲ၊ ဒီနေ့ နေမကောင်းလို့ထင်တယ်ဆရာ ဆရာဝန်တောင်ပင့်ပေးတာ၊ ပြီးတော့ ကျွန်မသခင် ဒီနေ့ကုပ္မဏီမသွားဘူး "
ဦးသီမာန်ဟိန်း စဉ်းစားနေဟန်ဖြင့် အရက်ခွက်ကို ယူကာ မော့သောက်လိုက်သည်။
" သူက အခွင့်အရေဖြစ်နိုင်တယ်၊ ဆက်စုံစမ်းထား သတင်ထူးရင် အမြန်တင်ပြ "
YOU ARE READING
သဘောအတိုင်းပါ၊ ကျွန်မ သခင် (Ongoing)
Fanficကျွန်မရဲ့သခင် ကျွန်မသခင်ဟာ နှင်းဆီပွင့်တွေနဲ့ သိပ်တူတာ။