အခန်း (၂၀၆): နောက်စေ့
Words Count:
အနီရောင်သင်္ဘောများသည် ရွှေသင်္ဘောကြီးအားဝန်းရံလာကြသည်။
ထို့နောက် Choi Han နှင့် ရဲမက်ကပ္ပတိန်ခေါင်းဆောင်တို့သည် ရွှေသင်္ဘောကြီးထံခုန်တက်လာကြကာ Cale နောက်နား၌ရပ်သည်။ အမှောင်ထုနတ်သူငယ် Tasha နှင့် သခင်မလေး Amiru သည်လည်း Cale နောက်နား၌ရှိနေကြသည်။
"Cale-nim"
Choi Han သည် ရှေးဦးစွာ Cale ၏နာမည်အားခေါ် လာသည်။ သူသည် Cale တစ်ယောက်လှမ်းမျှော်ကြည့်နေပါသော သမုဒ္ဓရာပြင်ကြီးအား လိုက်ကြည့်သည်။ အပျက်အစီးအချို့ နှင့်အတူ အလောင်းများပေါလောပေါနေသော သမုဒ္ဓရာရေပြင်။
Cale အနားသို့ Choi Han သည် ဖြည်းဖြည်းချင်း ချည်းကပ်သည်။ Cale မှာမျက်မှောင်ကြုတ်လို့နေတာကို သူတွေ့ လိုက်ရ၏။
'...သူကတကယ်ကိုနူးညံ့တဲ့နှလုံးသားပိုင်ရှင်ပဲ'
ထိုအချိန် စကားထပြောလာသူကတော့ Cale ပင်။
"ဘယ်လောက် ငြိမ်းချမ်းလိုက်သလဲ"
သူ၏အသံမှာ ပင်ပန်းနေသံ။
မောပန်းနွမ်းလျမှုတို့မှာ သူ ဖွင့်ဟထုတ်ပြောလာသော စကားလုံးတစ်လုံးချင်းစီတိုင်း၌ သိသာထင်ပေါ် နေပေသည်။ Cale ၏အသံနေအသံထားကို ကြားလိုက်ရတော့ သင်္ဘောရှိ လူအကုန်လုံးမှာ နူတ်ဆိတ်သွားသည်။ သူပြောလိုက်သည်မှာ ကောင်းမွန်သောစကား ဖြစ်သော်လည်း သူ၏လေသံထဲ၌ပါသော အလေးစီး နှင့် ပူပန်မှုတို့က သူတို့အား နူတ်ပိတ်သွားစေခဲ့သည်။
'ငြိမ်းချမ်းမှု' ဆိုတဲ့စကားကို ကြားလိုက်ရတော့ မျိုးရိုးမြင့်များထဲမှတစ်ဦးသည် ရုတ်တရက် တစ်စုံတစ်ခုအား သွားတွေးမိလေသည်။ တိုက်ပွဲတောက်လျှောက် သူမှာ Henituse အိမ်တော်အကြောင်းအား တွေးနေမိသဖြင့် ဤအကြောင်းအရာကို သူသတိရသွားတာဖြစ်သည်။
သူသည်လွှတ်ခနဲထုတ်ပြောမိသွားသည်။
"...သမိုင်းတွင်အောင်နေဖို့မလိုဘူး...ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပျော်ပျော်သာနေ"
![](https://img.wattpad.com/cover/376223251-288-k293575.jpg)
ВЫ ЧИТАЕТЕ
မြို့စားကြီးအိမ်တော်ကဆန်ကုန်မြေလေး || Volume 3
Фэнтезиအခန်း ၂၀၁ - ဆန်ကုန်မြေလေး ကေးလ်တစ်ယောက် နောက်ဆုံးစစ်ပွဲကြီးမှာ ဘယ်လိုတွေတောင် ရုန်းကန်အစွမ်းပြမလဲဆိုတာ... ⚠️ ဘာသာပြန်သူ၏အချိန်ယူ ကြိုးစားအားထုတ်မှုကို လေးစားခြင်းအားဖြင့် ဘာသာပြန်သူခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူရောင်းစားခြင်းမပြုလုပ်ကြရန်...