တော်ဝင်မင်းသား Adin ၏လေသံအေးအေးအား သူကြားလိုက်ရသည်။
"ဒါပေါ့ ဒါပေါ့...တိုက်ပွဲကြီးတစ်ခုလုံးအနိုင်ရထားမှတော့ မင်း နားရမှာပေါ့...တကယ်ကို အကြာကြီး နားကိုနားသင့်တယ်"
Cale ၏မျက်နှာထားမှာ တစ်ဆစ်ချိုးကို ကြောင်အမ်းသွား၏။
အကြာကြီးနားသင့်တယ်။
ထိုစကားအား စေတနာဖြင့်ပြောလာသည်ဟု ဖြတ်သွားဖြတ်လာများက ထင်လောက်ပေမဲ့ Cale ကမူ ဤမျက်နှာနှစ်ဖက်နှင့်ခွေးအကြီးမှာ အချိန်ကြာကြာအနားယူနိုင်ဖို့အတွက် သူ့အား သေခိုင်းနေသည် ဟုသာ Cale တွေးမိသည်။
တော်ဝင်မင်းသား Adin မှာလူကောင်းတစ်ယောက်ဟန်ဆောင်နေ၏။
Cale သည် Adin အားတစ်ချက်ချောင်းကြည့်ရင်း တစ်ချိန်တည်းမှာပင် တခြားသူများကိုလည်း ဆက်တိုက်အကဲခတ်နေမိသည်။
သူသည် တော်ဝင်မင်းသားနောက်၌ရှိနေသော အစောင့်ရဲမက်များသာမက Caro တိုင်းပြည်မှတစ်ချို့သောပုဂ္ဂိုလ်များသည်ပင် အူကြောင်ကြောင်အမူအရာတို့ ရှိလို့နေသည်ကို တွေ့ နေရ၏။
'သူတို့လည်း တော်ဝင်မင်းသားတစ်ယောက်လုံး ရောက်ချလာလိမ့်မယ်လို့ မထင်ထားဘူးထင်'
စဥ်းစားကြည့်လိုက်လျှင်တော့ ဤသည်မှာ အသိအသာကြီးပင်။
အကယ်၍ စစ်ကူတို့အား ဦးဆောင်လာသူမှာ မင်းသား Adin ဆိုပါက Caro တိုင်းပြည်မှာ အိမ်ရှေ့စံ Alberu အားအသိပေးခဲ့မှာဖြစ်၏။
မင်းသား Adin သူ့အနားသို့ ခြေတစ်လှမ်းတိုးကပ်လာသည်အား Cale သည် တည်ငြိမ်စွာရပ်ကြည့်နေလိုက်သည်။ တော်ဝင်မင်းသားသည် မသိလျှင် သူ့အား စကားတီးတိုးဆိုလိုသကဲ့သို့ အနားသို့ချည်းကပ်လာခဲ့၏။
"အဲ့ဒါကြောင့် ဒီတောင်းဆိုချက်ကို မင်းလက်ခံလိုက်တယ်ဆိုတာ သိရတုန်းက ကိုယ်တော် တကယ်မယုံနိုင်ဖြစ်သွားတာ...မင်းနားနေလောက်မယ်လို့ ကိုယ်တော်ကထင်နေတာလေ"
ကိုယ်တိုင်ကိုယ်ကျ Caro တိုင်းပြည်ဆီသို့ Cale ပေါက်ရောက်ချလာလိမ့်မည်ဟု Adin မထင်ထားခဲ့။ စစ်ပွဲအောင်နိုင်ပြီးနောက် အနားယူနေလိမ့်မည်ဟု သူတွေးခဲ့မိသည်။
![](https://img.wattpad.com/cover/376223251-288-k293575.jpg)
VOUS LISEZ
မြို့စားကြီးအိမ်တော်ကဆန်ကုန်မြေလေး || Volume 3
Fantasyအခန်း ၂၀၁ - ဆန်ကုန်မြေလေး ကေးလ်တစ်ယောက် နောက်ဆုံးစစ်ပွဲကြီးမှာ ဘယ်လိုတွေတောင် ရုန်းကန်အစွမ်းပြမလဲဆိုတာ... ⚠️ ဘာသာပြန်သူ၏အချိန်ယူ ကြိုးစားအားထုတ်မှုကို လေးစားခြင်းအားဖြင့် ဘာသာပြန်သူခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူရောင်းစားခြင်းမပြုလုပ်ကြရန်...