Cale ဘက်သို့ပြေးလာနေသော အိမ်ရှေ့စံကိုကြည့်ရသည်မှာ မျက်ရည်များပင် ကျနေသယောင်။ အိမ်ရှေ့စံ၏မျက်နှာအား မြင်လိုက်ရတော့ Cale မှာ အနောက်သို့ပင် တွန့်ဆုတ်သွားချင်မိသည်။
Mary တစ်ယောက် မြေပြင်ပေါ် မှ မန်နာသေများအား သန့်စင်ပေးပြီးဖြစ်တာကြောင့် Valentino သည် အပူအပန်မရှိဘဲ တစ်ချိုးတည်း ပြေးလို့လာလေသည်။
"ဗိုလ်ချုပ်ကြီး!"
သူသည် Cale ၏လက်နှစ်ဖက်စလုံးအား အားရပါးရ ဆုပ်ကိုင်သည်။
'အိုက်ဂူးးးး'
Cale ကမူ အိမ်ရှေ့စံ၏ပခုံးအကျော် အဝေးတစ်နေရာသို့သာ လှမ်းမျှော်စိုက်ကြည့်လိုက်သည်။ သို့သော် ဖြစ်ချင်တော့ Valentino အနောက်၌ရှိနေသည်မှာ လီယိုနာရဲတိုက်ကြီး ဖြစ်နေလေသည်။
သူသည် ရဲတိုက်တံတိုင်းကြီးတို့ အပါအဝင် တံတိုင်းပေါ် ၌ ရပ်နေကြသော စစ်သားများ၊ ရဲမက်များ နှင့် Mage များအား မြင်လိုက်ရသည်။ Mary ၏အကြည့်တို့သည် Cale အပေါ် ၌ အလုံးစုံ ကျရောက်လျက်။
'ငိုမဲ့မဲ့'
အခုလောလောဆယ် Cale ဦးနှောက်အား စိုးမိုးနေသည့် စိတ်ခံစားချက်မှာ ထိုတစ်ခုသာ ရှိလေသည်။
ထိုအချိန် သူသည် စကားသံတစ်ခုအား သူ့အနောက်မှနေ ထွက်ပေါ် လာသည်ကို ကြားလိုက်ရ၏။
"ဗိုလ်ချုပ်ကြီး...ကျွန်မတို့တွေ သင်္ဘောပေါ် ထိမရောက်နိုင်ခဲ့တဲ့ ဝက်ဝံတွေကို ဖမ်းထားလိုက်ပါပြီ"
ထိုသည်မှာ အမှောင်ထုနတ်သူငယ် Tasha ပင်။ Cale သည်သူမ၏အသံအား ဝမ်းသာအားရ လှိုက်လှဲစွာ ကြိုဆိုမိသည်။ သူသည် Valentino ဆီမှသူ့လက်အား ပြန်ဆွဲရုတ်ကာ သူမဘက်သို့လှည့်လိုက်သည်။
သူတို့နှစ်ဦးအကြည့်ချင်းဆုံမိသည်နှင့် Tasha သည် သူမ၏လက်နှစ်ဖက်အား ပင့်မြှောက်သည်။ သူမမှာ အခုထိတိုင် မန်နာသေတို့ဖြင့် ရွှဲရွှဲစိုနေဆဲ။
"အာ ဗိုလ်ချုပ်ကြီး...စိတ်မရှိပါနဲ့...မန်နာသေတွေကြောင့် ဗိုလ်ချုပ်ကြီးနားကပ်လို့မရ-"
أنت تقرأ
မြို့စားကြီးအိမ်တော်ကဆန်ကုန်မြေလေး || Volume 3
خيال (فانتازيا)အခန်း ၂၀၁ - ဆန်ကုန်မြေလေး ကေးလ်တစ်ယောက် နောက်ဆုံးစစ်ပွဲကြီးမှာ ဘယ်လိုတွေတောင် ရုန်းကန်အစွမ်းပြမလဲဆိုတာ... ⚠️ ဘာသာပြန်သူ၏အချိန်ယူ ကြိုးစားအားထုတ်မှုကို လေးစားခြင်းအားဖြင့် ဘာသာပြန်သူခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူရောင်းစားခြင်းမပြုလုပ်ကြရန်...