Cale သည် Raon ၏အသံအား ကြားလိုက်ရ၏။
• "သူက တကယ် တစ်ခန်းလွတ်နေတာပဲ"
သက်ပြင်းချသံဖြင့် ပြောလာသော ခြောက်နှစ်သား နဂါးငယ်လေး၏စကားအား Cale သည် ဘာမှပြန်မပြောနိုင်ခဲ့ရပါပေ။
Paseton ကသူ့အားအကြည့်တစ်မျိုးဖြင့် စိုက်ကြည့်နေတာကိုရော၊ လှည့်ကင်းတပ်စခန်းထဲ တောင့်တောင့်ကြီး ဝင်သွားကြသော Witira နှင့် Archie တို့၏ခြေလှမ်းတို့ကိုပါ သူသတိပြုမိပါသော်လည်း Cale သည် မည်သည့်တုံ့ပြန်ချက်ကိုမှမပြနိုင်ခဲ့။
အထူးသဖြင့် Killer ဝေလငါးကြီး Archie မှာ အတော်လေး ထိတ်လန့်သွားသည့်ပုံပင်။
"...ဝါး...စောက်ကျိုးနည်း...ဘယ်လို အရူး-အဲ့လေ- ဘယ်လိုအံ့ဩသင့်စရာကောင်းတာတွေကို လုပ်ခဲ့တာမို့..."
Archie သည် Clopeh ဘက်အားလှမ်းကြည့်ရင်း သူ၏စကားလုံးတို့အား ချီးကျူးစကား အဖြစ်သို့ ပြောင်းလဲလိုက်သည်။
"ဒီပုဂ္ဂိုလ်ကြီး နူတ်ကဆိုသမျှ စကားလုံးတွေထဲမှာ အမှန်တရားမဟုတ်တာ တစ်ခုမှမပါပါဘူး...ပြီးတော့ အရာခပ်သိမ်းကို ဒီပုဂ္ဂိုလ်က ဖောက်ထွင်းသိမြင်နိုင်ပါတယ် အဖေ...ဒီ ဆာ နောက်သာ ကျွန်တော်တို့လိုက်မယ်ဆိုရင် ကျွန်တော်တို့ မှန်ကန်တဲ့လမ်းကြောင်းပေါ် လျှောက်နိုင်မှာပါ"
Cale အားအမွမ်းတင်ချီးကျူးနေသော Clopeh ၏စကားတို့အား Archie သည် မယုံကြည်နိုင်ဖြစ်မိသည်။ သို့သော်လည်း သူ့အား ပို၍ထိတ်လန့်စေသည်က ယင်းစကားလုံးတို့နောက်ကွယ်မှ အမှန်တရားကိုပင်။
'အဲ့ဒါ တကယ်တမ်း ဟုတ်နေတာပဲ'
Clopeh ၏စကားမှာ တကယ်တော့ အမှန်ဖြစ်ပေသည်။ ပြောပုံဆိုပုံက ဟုတ်မနေဘူးဆိုပေမဲ့ မှန်ကန်တဲ့အရာကို လုပ်ဆောင်ဖို့အတွက် သခင်လေး Cale က တခြားလူတွေထက် အမြဲတမ်း ခြေတစ်လှမ်းသာနေခဲ့တယ် မဟုတ်ပါလား?
"အမှန်လို့ ထင်ရတယ်"
Witira တစ်ယောက် ခေါင်းတငြိမ့်ငြိမ့်လုပ်နေသည်ကို မြင်လိုက်ရတော့ Archie သည် ပါး
စပ် ပိတ်လိုက်၏။ Witira မှာ စိတ်ပါဝင်စားသလို မျက်နှာထားဖြင့် ပြုံးနေသည်လေ။
![](https://img.wattpad.com/cover/376223251-288-k293575.jpg)
ESTÁS LEYENDO
မြို့စားကြီးအိမ်တော်ကဆန်ကုန်မြေလေး || Volume 3
Fantasíaအခန်း ၂၀၁ - ဆန်ကုန်မြေလေး ကေးလ်တစ်ယောက် နောက်ဆုံးစစ်ပွဲကြီးမှာ ဘယ်လိုတွေတောင် ရုန်းကန်အစွမ်းပြမလဲဆိုတာ... ⚠️ ဘာသာပြန်သူ၏အချိန်ယူ ကြိုးစားအားထုတ်မှုကို လေးစားခြင်းအားဖြင့် ဘာသာပြန်သူခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူရောင်းစားခြင်းမပြုလုပ်ကြရန်...