Chapter 211

56 9 0
                                    


သူတို့နှစ်ဦးစလုံးသည် ခန်းမ​ဆောင်၏အလယ်​ခေါင်၌မတ်တပ်ရပ်လိုက်သည်။

စက်ဝန်းသဏ္ဍာန်ထိုင်ခုံ အခင်းအကျင်းမှလူများအားလုံးက သူတို့အား စူးစိုက်ကြည့်​နေ၏။

အိမ်​​ရှေ့စံမင်းသား Alberu မှာ ​ခမ်းနားလှ​သော ရွှေ​ရောင် နှင့် အဖြူ​ရောင်ပါ ဝတ်စုံကို ဆင်မြန်းထားကာ တစ်ဖက်က ​Cale Henituse မှာမူ သူ၏ဆံပင်နီနီ​တို့အား ပိုမို ​ပေါ် လွင်​စေမည့် အနက်​ရောင်ဝတ်စုံအား ဝတ်ဆင်ထားသည်။

သူတို့နှစ်ဦးမှာ အလွန်ကိုမှ ကွဲပြားခြားနားလှကာ ခန်းမအလယ်၌ ထင်းလို့​နေ၏။

တီးတိုး​ပြောဆိုမှုတို့မှာ တစ်စတစ်စ တိုးတိတ်လာပြီး တိတ်ဆိတ်မှုက ​နေရာယူလာသည်။

ခန်းမကြီးအား Alberu Crossman သည်တစ်ချက်​ဝေ့ကြည့်လိုက်ကာ ပြုံး၏။

'​စောက်ရူး​ကောင်'

'ဘာတဲ့ အာဏာပါဝါ​တွေ မလိုပါဘူး ဆိုပဲ? စစ်ကြီးပြီးတာနဲ့ အကုန်လုံးကို လက်​လျော့သွားမယ် တဲ့လား? သူ့အသက်နဲ့​တောင် ကျိန်လိုက်​သေးတယ် ဒင်းက'

သူ၏ယားကျိကျိဖြစ်​နေ​သောလက်အား အသာ ဆုပ်ချည် ဖြန့်ချည် ပြုမိသည်။

'ငါ​မျှော်မှန်းထားတာရဲ့ အတိုင်းထက်အလွန် ဒင်းကအမြဲလုပ်တာပဲ'

Cale မှာ သူ၏လက်ဖဝါးတို့တရွရွဖြစ်လာ​စေ​သော အရှိန်အဝါတို့ ထုတ်လွှတ်​နေ​လေသည်။ ယင်းမှာ မျက်စိဖြင့်မမြင်​တွေ့ ရ​သော်လည်း Cale ဆီမှ​နေပြီး ဖိနှိပ်ချုပ်ချယ်​သော အ​ရောင်အဝါတို့ကို သူခံစားရမိပါသည်။

၎င်းအ​​ရောင်အဝါသည် ခန်းမတွင်းမှ လူတို့အားလုံးအ​ပေါ်  သက်​​ရောက်လွှမ်းမို့​လို့​နေ၏။

'ဒါက Cale Henituse အစစ်အမှန်ပဲ'

ဘယ်​သောအခါမှ သူ့ကိုယ်သူအာရုံစိုက်ခံရ​အောင် မပြုလုပ်ချင်ခဲ့​သော၊ ပိုက်ဆံ​ငွေ​ကြေးကိုသာ လိုချင်​တောင့်တခဲ့​သော ပုဂ္ဂိုလ်သည် ​နောက်ဆုံး​တော့ သူ၏တကယ့်ပင်ကိုသရုပ်မှန် အားထုတ်​ဖော်ပြသလာ​ချေပြီ။ အိမ်​ရှေ့စံမင်းသားသည် မပြုံးရယ်ဘဲမ​နေနိုင်။

မြို့စားကြီးအိမ်​တော်ကဆန်ကုန်​​မြေ​လေး ||  Volume 3Où les histoires vivent. Découvrez maintenant