ရဲတိုက်လီယိုနာသည် Henituse နယ်မြေရဲတိုက်ထက် နှစ်ဆခွဲမျှပိုကြီးသည်။
လူအများသည် အနက်ရောင်လိူင်းလုံးကြီးတစ်လုံး ပေါက်ကွဲသံများကြားမှ သူတို့ထံသို့ အင်တိုက်အားတိုက် ဝင်ဆောင့်လာတာကို မြင်နေရ၏။
Caro တိုင်းပြည်၏အိမ်ရှေ့စံမင်းသား Valentino သည် အနှီအနက်ရောင်အရည်တို့အားကြည့်ရင်း အကြောက်တရားအား ခံစားမိသည်။
မန်နာသေတို့ဖြင့်ဖုံးလွှမ်းနေသောကုန်းမြေ။
ယင်းကုန်းမြေပေါ် ၌မည်သည့်အရာမှရှင်သန်ပေါက်ဖွားနိုင်မည်မဟုတ်။
မန်နာသေတို့အား ထိတွေ့ မိရုံနှင့်တင် စစ်သားများမှာ အသက်ဆုံးရူံးသွားနိုင်သည်။
သို့သော်လည်း သူ့နူတ်မှထွက်လာသော စကားလုံးတို့မှာမူ တခြားအကြောင်းအရာဖြစ်၏။
"...ဒိုင်းကာ"
ဘွန်း! ဘွန်းးးးးးးးးးးးးး!!!!!!!
ဆယ်နှင့်ချီသော သင်္ဘောငယ်တို့သည် ဒိုင်းကာအားဝင်တိုက်ဆောင့်လာကြ၏။
ဘွန်းးးးးး
မြေပြင်မှာသိမ့်သိမ့်တုန်လှုပ်နေလျက်။
ထိုသည်က ရဲတိုက်ကြီး၏တံတိုင်းနံရံတို့ကိုလည်း လှုပ်ခါလာစေသည်။
မည်သို့ပင်ဆိုစေကာမူ လုံးဝကိုတုတ်တုတ်မလှုပ်သွားသော အရာတစ်ခုကရှိနေ၏။
Valentino သည်စတင်စကားပြောလာသည်။
"...ကြည့်ရတာ ငါတို့ဒိုင်းကာတွေကို ပြန်သိမ်းလိုက်လည်း ဖြစ်တဲ့ပုံပဲ"
မသိလျှင် နောက်ထပ်တောင်ကြီးတစ်လုံးမှာ လီယိုနာရဲတိုက်ရှေ့၌ပေါ် ထွက်လာသည့်အတိုင်း။
ထိုသည်မှာ နှလုံးပုံအမှတ်အသားဖြင့် ငွေရောင်ဒိုင်းကာကြီးပင် ဖြစ်လေသည်။ အနှီကြီးမားလှသော ဒိုင်းကာကြီးသည် လီယိုနာရဲတိုက်ကြီးအား အရာအားလုံးတို့ဆီမှ ကာကွယ်ပေးနေ၏။ သူ၏ငွေရောင်အလင်းမှာ ထူထဲလွန်းလှကာ ဒိုင်းကာအလွှာပေါင်းများစွာတို့က အထပ်ထပ် အလွှာလွှာ အုပ်မိုးထားသည့်နှယ်။
![](https://img.wattpad.com/cover/376223251-288-k293575.jpg)
VOUS LISEZ
မြို့စားကြီးအိမ်တော်ကဆန်ကုန်မြေလေး || Volume 3
Fantasyအခန်း ၂၀၁ - ဆန်ကုန်မြေလေး ကေးလ်တစ်ယောက် နောက်ဆုံးစစ်ပွဲကြီးမှာ ဘယ်လိုတွေတောင် ရုန်းကန်အစွမ်းပြမလဲဆိုတာ... ⚠️ ဘာသာပြန်သူ၏အချိန်ယူ ကြိုးစားအားထုတ်မှုကို လေးစားခြင်းအားဖြင့် ဘာသာပြန်သူခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူရောင်းစားခြင်းမပြုလုပ်ကြရန်...