• "မင်းကိုယ့်ကိုယ်ကိုယ်စတေးမလို့လား?"
• "ငါ ဒါကိုစားလို့ရလား?"
Cale သည်မဟာကျောက်ခဲနှင့် အစားကျူးတို့အား လျစ်လျူရှူလိုက်သည်။ ထို့နောက် သူသည် သူ၏လက်သီးဆုပ်အား ဖွင့်လိုက် ဖြန့်လိုက် လုပ်မိသည်။
'သုံးကြတာပေါ့'
သူသည် မီးလျှံမိုးကြိုးအား အသုံးပြုဖို့ ဆုံးဖြတ်ချက်ချလိုက်သည်။ မိုးကြိုးသွားများမှာ ရေထက်စာလျှင် ပိုမိုအားကောင်းတတ်သည်။ ထို့ကြောင့်ပဲ Mage ၏မိုးကြိုးများအား ဖျက်စီးဖို့ရန်အလို့ငှာ သူသည် မီးလျှံမိုးကြိုးသွားအား အသုံးပြုသွားရန် လိုအပ်သည်။
တခြားသူများ ထိခိုက်ဒဏ်ရာရနေချိန် သူသည် ဒီတိုင်း နောက်ဆုတ်ကာ ရပ်မကြည့်နိုင်ပါပေ။
ဖြောက် ဖြောက်။
မီးလျှံမိုးကြိုးမှာ Cale လက်ဖဝါးထက်၌ အားပြင်းပြင်းဖြင့် မွှေ့ရမ်းနေလျက်။
တစ်ချိန်တည်းမှာပင် သူ၏ခေါင်းထက်ရှိ ကောင်းကင်ယံမှာ စတင်အသံမြည်လာသည်။
ဂျိမ်းးးးးး။
ထိုအသံက Choi Han အားမော့ကြည့်စေလာခဲ့သည်။ သူသည် ကြည်လင်နေသော မိုးကောင်းကင်အား မြင်တွေ့ နေရသည်။ ထိုအချိန် Raon သည်သူ့ခေါင်းထဲစကားလာပြော၏။
• "Choi Han ငါတို့ရဲ့ဟူးမန်းကပြောတယ်...သူမီးမိုးကြိုးကိုသုံးပြီး ပစ်ချလိုက်မယ်တဲ့...ဒါမဲ့ စိတ်မပူနဲ့ တကယ်လုပ်ပေးသွားမယ့်သူက ငါမို့လို့...ငါကနည်းနည်း ကြီးကျယ်မြင့်မြတ်တယ်လေ!"
ကလေးငယ်၏တရစပ်စကားဆိုသံမှာ သူ၏ခေါင်းထဲပြည့်နှက်လာသည်။ သူ့အတွက် ထိုသည်မှာ စိတ်အနှောင့်အယှက်ဖြစ်စရာ အသံမျိုးဖြစ်ရမည် မှန်သော်လည်း Choi Han သည်အသာအယာပြုံးလိုက်ပြီး သူ၏ဓါးအား လွှဲချလိုက်သည်။
ရွှက်—။
အရောင်အဝါနက်သည် ကုန်းပတ်၏အစိတ်အပိုင်းတစ်ခုအား ဖြတ်ပိုင်းချသည်။
"ဟားဟားဟား!! ဒီလောက်စိတ်ဝင်စားဖို့ကောင်းတဲ့လူသားကို မတွေ့ ရတာ တော်တော်တောင်ကြာခဲ့ပြီ!"
YOU ARE READING
မြို့စားကြီးအိမ်တော်ကဆန်ကုန်မြေလေး || Volume 3
Fantasyအခန်း ၂၀၁ - ဆန်ကုန်မြေလေး ကေးလ်တစ်ယောက် နောက်ဆုံးစစ်ပွဲကြီးမှာ ဘယ်လိုတွေတောင် ရုန်းကန်အစွမ်းပြမလဲဆိုတာ... ⚠️ ဘာသာပြန်သူ၏အချိန်ယူ ကြိုးစားအားထုတ်မှုကို လေးစားခြင်းအားဖြင့် ဘာသာပြန်သူခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူရောင်းစားခြင်းမပြုလုပ်ကြရန်...