အခန်း (၂၀၅): သမုဒ္ဓရာကြီးက...
Words Count:
ကြမ်းတမ်းလှသော ဆောင်းတွင်းလို ရာသီဥတုမျိုး၌ သမုဒ္ဓရာကြီးအား ဖြတ်သန်းဖို့ဆိုသည်မှာ မလွယ်ကူလှ။
ဒါကြောင့်ပဲ သမုဒ္ဓရာမြောက်ပိုင်းအား ရွက်လွှင့်ဖြတ်သန်းလာခဲ့သည် ရေကြောင်းပြအကုန်လုံးမှာ ကျွမ်းကျင်ပညာရှင်များပင် ဖြစ်ကြလေသည်။ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ တို့သည် အကောင်းတကအကောင်းဆုံးဆိုသည့် ပညာရှင်များအား ရွေးချယ်ခန့်အပ်ခဲ့သည်။
သို့သော် ထိုအရာတို့အကုန်မှာ အရေးမပါတော့။
ဘန်းးးး!
မြူထုနီနီတို့ဆီမှလွတ်မြောက်ရန်အတွက် ရေဝဲကြီးများအားကျော်ဖြတ်ခဲ့ကာ သီသီလေးအသက်ရှင်လာခဲ့ကြသည့် ဤရေကြောင်းပြတို့အား တကယ့်သေမင်းအစစ်သည် ကိုယ်ထင်ပြလာတော့သည်။
"ကိုယ့်နေရာကိုယ်ယူကြ! အမြှောက်တွေကိုအသင့်ပြင်!"
သံမဏိမဟာမိတ်တပ်ဖွဲ့ မှစစ်သားများသည် နောက်ဆုံးတော့ အသိပြန်ဝင်လာကာ စတင်လှုပ်ရှားကြတော့သည်။ သူတို့၏မျက်နှာတို့မှာ အကြောက်တရားဖြင့်ပြည့်နှက်နေလျက်။
သူတို့၏ ရဲဘော်ရဲဘက်အလောင်းတို့အား ကျော်ခွလို့ သူတို့သည် မြန်မြန်သွက်သွက်လှုပ်ရှားနေရသော်လည်း ထိုပြသနာအား ဂရုစိုက်ဖို့ သူတို့မအားသေး။
"အားးးးးးးး-!"
အဆိပ်သင့်ထားသော်လည်း မသေသေးသော စစ်သားတစ်ဦးသည် ကြမ်းပြင်ပေါ် ၌တောင့်တောင့်ကြီးလဲကျလို့။ သူ၏ခန္ဓာကိုယ်မှာ တခြားစစ်သားများ၏တက်နင်းခြင်းကို ခံနေရသော်လည်း စစ်သားများသည် သူ့အား တစ်ချက်သာလှည့်ကြည့်ကာ လုပ်စရာရှိတာ ဆက်လုပ်ကြ၏။
စစ်သားများ၏ခေါင်းထဲ၌ အကယ်၍ သူတို့သာ ထိုလူအားအချိန်ပေးကူညီခဲ့လျှင် သေမင်းမှာ သူတို့ဘက်သို့မြှားဦးလှည့်လာနိုင်သည် ဟူသောအတွေးတို့ ဖြင့်ပြည့်နေသည်။
စစ်သားများသည် အလောင်းများအား တက်နင်းလျက် ဆက်လက်လှုပ်ရှားကြသည်။
ESTÁS LEYENDO
မြို့စားကြီးအိမ်တော်ကဆန်ကုန်မြေလေး || Volume 3
Fantasíaအခန်း ၂၀၁ - ဆန်ကုန်မြေလေး ကေးလ်တစ်ယောက် နောက်ဆုံးစစ်ပွဲကြီးမှာ ဘယ်လိုတွေတောင် ရုန်းကန်အစွမ်းပြမလဲဆိုတာ... ⚠️ ဘာသာပြန်သူ၏အချိန်ယူ ကြိုးစားအားထုတ်မှုကို လေးစားခြင်းအားဖြင့် ဘာသာပြန်သူခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူရောင်းစားခြင်းမပြုလုပ်ကြရန်...