တစ်ချိန်တည်း၌ သူသည်အတွေးဝင်မိသည်။
'တော်တော်တော့ စိတ်ရူပ်စရာကောင်းလာမှာ'
Cale သည် သူ့လက်ဖဝါးထက်ရှိ လေရူးခေါ် သံအား ငုံ့ကြည့်လိုက်သည်။
'နောက်ရှေးဟောင်းစွမ်းအင်တစ်ခုကိုပါ ထုတ်ပြလိုက်မယ်ဆို တော်တော့်ကို စိတ်ရူပ်စရာကောင်းလာမှာ'
သူ၏ဒိုင်းကာနှင့်ပတ်သတ်၍ လူတို့မှာရူးခါနေနှင့်ပြီးဖြစ်ကာ ဤစွမ်းအင်ကိုပါ ထုတ်ပြလိုက်မည်ဆိုလျှင် လူတွေက သူ့ကို ဖိအားပေး မျိုးစုံမခိုင်းစေလာလောက်ဘူးလား။
'...ဗိုလ်ချုပ်ရာထူးနဲ့ပဲ ငါတကယ်ရပ်နိုင်ပါ့မလား?'
ရုတ်ချည်း Cale သည်ကြောက်လန့်လာသည်။
မသိလျှင် သူ၏တစ်ရာ့ကိုး တစ်ရာ့တစ်ဆယ် ဘဝမှာ သူနှင့်အဝေးတက အဝေးဆုံး ပျံသန်းထွက်ပြေးသွားသကဲ့သို့ သူခံစားနေရသည်။
အင်မတန်ကိုမှ အလုပ်ရူပ် အလုပ်များခဲ့ရသော သူ၏ Rok Soo ဖြစ်ခဲ့သော အချိန်တို့အား သူပြန်စဥ်းစားမိသည်။ ထိုတုန်းကလည်း အဖွဲ့ ခေါင်းဆောင်ဖြစ်ပြီးနောက် သူသည် အသေအလဲ အလုပ်လုပ်ခဲ့ရသည်။ သူ၏ဘဝမှာ နေ့တိုင်းလိုလို နာကျင်ကိုက်ခဲမှုတို့အပြည့်။
'ဒါပေမဲ့လည်း ငါမလုပ်ဘဲနေလို့ရတာမှမဟုတ်တာ...တခြားနည်းလမ်းထပ်မရှိတော့ဘူးလား?'
Choi Han ရော သူရော ကိုယ်ပျောက် Raon လေး၏အသံကို ကြားလာရချိန်မှာတော့ Cale သည် မျက်မှောင်ကြုတ်မိသွားခဲ့သည်။
• "အားနည်းတဲ့ဟူးမန်း! ငါလည်းလုပ်ပေးမယ်! ငါ့ရေဝဲကြီးတွေက တကယ့်ရှယ်ဧရာမကြီးတွေဖြစ်စေရမယ်! သူတို့အားလုံးကို ကယ်ကြစို့!"
ဧရာမကြီး။
ထိုစကားလုံးသည် Cale ခေါင်းထဲ၌ပဲ့တင်ထပ်သွား၏။
အရင်တစ်ခေါက် Roan တပ်ဖွဲ့ စုရှေ့၌ သူလျှို့ဝှက်ထားနိုင်ခဲ့သည်က ထိုအချိန်က မြူထုတို့ရှိနေခဲ့၍ပင်။
"Cale-nim"
"...ဟမ်?"
အရှေ့ဘက်သို့ Cale လှည့်ကြည့်လိုက်သည်။ သူသည် Choi Han ၏ကျောပြင်အား မြင်နေရသည်။
![](https://img.wattpad.com/cover/376223251-288-k293575.jpg)
BẠN ĐANG ĐỌC
မြို့စားကြီးအိမ်တော်ကဆန်ကုန်မြေလေး || Volume 3
Viễn tưởngအခန်း ၂၀၁ - ဆန်ကုန်မြေလေး ကေးလ်တစ်ယောက် နောက်ဆုံးစစ်ပွဲကြီးမှာ ဘယ်လိုတွေတောင် ရုန်းကန်အစွမ်းပြမလဲဆိုတာ... ⚠️ ဘာသာပြန်သူ၏အချိန်ယူ ကြိုးစားအားထုတ်မှုကို လေးစားခြင်းအားဖြင့် ဘာသာပြန်သူခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူရောင်းစားခြင်းမပြုလုပ်ကြရန်...