Chapter 203

142 20 0
                                    

အခန်း (၂၀၃): သမုဒ္ဓရာကြီးက...

Words Count:

အခါရာသီအ​လျောက် ​ပြောင်း​ရွေ့ပျံသန်းကြ​သော ငှက်အုပ်ကြီးပမာအတိုင်းပင်။

​ရေပြင်အားဖြတ်သန်း​​နေကြ​သော ခန့်မှန်း​ချေ အစင်း​ပေါင်းသုံးရာ​ကျော်ရှိမည့် သင်္ဘောများသည် တြိဂံပုံဖွဲ့ စည်းပုံဖြင့် အစုလိုက်​ရွေ့လျား​နေကြသည်။

ယင်း​သင်္ဘောများအား ဦး​ဆောင်လာသည်မှာ  သံမဏိမဟာမိတ်တပ်ဖွဲ့ မှ Norland ​ရေတပ်ဖွဲ့ ပင်ဖြစ်၏။

​ရေတပ်သင်္ဘောများ၏အလယ်တွင်​တော့ ​အေးခဲ​နေ​​သည့် မြောက်ပိုင်း​ရေခဲပင်လယ်ကြီးအား ထိုး​ဖောက်ဖြတ်သန်းခဲ့​သော ဧရာမရေခဲခွဲသင်္ဘောကြီးများရှိ​လေသည်။ ​အခုကို ခေါင်း​ဆောင်းဝတ်ရဲမက်သည် အနှီသင်္ဘောကြီးတစ်စင်း၏အမြင့်ဆုံးပိုင်းမှအခန်းတွင်း၌​ဆေးကုသမှုခံယူ​နေ၏။

"သနားစရာပဲ"

​ဆေးကုသ​ပေးသူ၏မှတ်ချက်အား ကြားလိုက်ရ​တော့ နဂါးလိုက်မုဆိုးမှာ မျက်​မှောင်တို့ကြုတ်သွား​သော်လည်း ​လော​လောဆယ် သူသည်စကား​သေချာမ​ပြောနိုင်​သေး​ပေ။ ​ဆေးကုသသူသည် နဂါးလိုက်မုဆိုး၏နှလုံးသားထက်​ပေါ်  ကုသ​မန္တာန်ဂါထာမချမှတ်ခင် သက်ပြင်းတစ်ချက်ချလာ၏။

နှလုံး၏ခန့်မှန်း​ခြေ သုံးပုံ ပုံ နှစ်ပုံ​သောအပိုင်းတို့မှာ ပျက်စီးသွားပြီးဖြစ်၏။

ဤသို့​သော ပျက်စီးမှုအား ပြန်လည်ပြင်ဆင်ဖို့ဆို အနည်းဆုံး အချိန်တစ်ပတ်​လောက်လို၏။ ထို့​နောက်ပြီးရင်​တောင် ပုံမှန်အတိုင်းပြန်ဖြစ်ဖို့အတွက် အနည်းဆုံး​ နောက်ထပ်အချိန်တစ်လခန့် ကုသဖို့ရာလို​လေသည်။

ထိုသည်သာမက​သေး သူသည် လက်တစ်ဖက်ပြတ်လျက် ပြန်​ရောက်လာ၏။

သို့​သော် အဖွဲ့ အစည်းဆီသို့ သူတို့တင်ပြလိုက်သည်နှင့် ယင်းလက်ပြတ်အား နဂိုအတိုင်းပြန်ဖြစ်လာ​အောင် အလွယ်ပင်ကုသနိုင်ပါသည်။ ကုသသူသည် နဂါးလိုက်မုဆိုးအား ဟွန့်ခနဲ နှာတစ်ချက်မှုတ်ကာ​ ​လှောင်​ပြော​င်သော​ လေသံဖြင့်စကားစ​ပြော၏။

မြို့စားကြီးအိမ်​တော်ကဆန်ကုန်​​မြေ​လေး ||  Volume 3Onde histórias criam vida. Descubra agora