သူ၏နူတ်ခမ်းမှာ ပြုံးနေသော်လည်း အတွေးတွေကတော့ ပုံမှန်အချိန်တွေထက် ပိုမိုမြန်ဆန်စွာ လှုပ်ရှားနေပေ၏။
မြန်မြန်သွက်သွက် လှုပ်ရှားဖို့သူလိုသည်။
Raon မှာတိုက်ခိုက်ဖို့ရှိမနေ။
Cale ဆိုသည်မှာ အမြဲတမ်းလိုလို ဂိတ်ဆုံးထိတွေးတတ်သူတစ်ဦးဖြစ်သည်။ အိမ်ရှေ့စံမင်းသား Alberu Crossman နှင့်အခုထိတိုင် ချိတ်ဆက်ထားသေးသည့် ရုပ်သံဆက်သွယ်ရေးစက်မှာ သူ့လက်ထဲ၌ရှိနေဆဲ။
သူနှင့် Rosalyn တို့ပြောနေသည့်စကားတို့အား ကြားခဲ့လောက်မည့် Alberu အား Cale သည်စကားလှမ်းပြောလိုက်သည်။
“အရှင့်သား”
“...ဟားဟားဟား…-”
ရယ်သံလွင်လွင်မှာ ရုပ်သံဆက်သွယ်ရေးစက်မှတစ်ဆင့် ထွက်ပေါ် လာသည်။
တစ်ဖက်ဖန်သားမျက်နှာပြင်မှနေတစ်ဆင့် Alberu သည် Cale အားစိုက်ကြည့်လိုက်သည်။
သူတို့၏ရန်သူဖြစ်သည့် မီးတောက်လူပုမျိုးနွယ်တို့မှာ တားမြစ်နယ်မြေငါးခုမှတစ်ခုအား လုံးဝဥဿုံဖျက်စီးပစ်လိုက်ဖို့ရာ ကြိုးစားနေကြသည်။
ဒေသကြီး၏တစ်စိတ်တစ်ဒေသအထိတိုင် သေမင်းချောက်ကမ်းပါးသည် ကန့်လန့်ဖြတ်လို့ထားသည်။ ထို့ကြောင့် သူတို့သည် နယ်မြေနှစ်ဘက်ခြားရှိ ကွာဟချက်အား ဖျက်စီးပစ်ပေတော့မည်။
ပုံမှန်အတိုင်းသာဆိုရင် ရန်သူ့ဘက်မှာစိတ်ရူးပေါက်သွားပြီဟု သူထင်မှတ်မိမှာဖြစ်သည်။
‘ဒါပေမဲ့ မီးတောက်ကြီးတွေကို ချောက်ကမ်းပါးထဲမြုပ်ထားတဲ့ ဒီလူယုတ်မာနဲ့ယှဉ်လိုက်ရင်တော့ သူတို့တွေကဘာမှမဟုတ်တော့ဘူး’
Alberu မှာရန်သူတို့၏အကြံအစည်ကြောင့် မထိတ်လန့်နိုင်မီ Cale ၏လုပ်ရပ်ကြောင့် အံ့အားသင့်ခဲ့ရပြီးဖြစ်သည်။ သို့သော် Cale လုပ်ရပ်အားသူနားလည်သည်။
‘ဟုတ်တယ် ဒီကောင်စုတ်ကအမြဲတမ်းရူးနေတာပဲဟာ’
ဒင်းမှာ ရန်သူတွေမလုပ်သေးခင်က အရင် သေမင်းချောက်ကမ်းအား ဖျက်စီးဖို့ကြိုးစားခဲ့သူဖြစ်သည်။ ထိုသည်သာမက Cale နည်းတူစဉ်းစားမိသည့် လူတစ်ယောက်လည်းရှိပါသေးသည်။
BẠN ĐANG ĐỌC
မြို့စားကြီးအိမ်တော်ကဆန်ကုန်မြေလေး || Volume 3
Viễn tưởngအခန်း ၂၀၁ - ဆန်ကုန်မြေလေး ကေးလ်တစ်ယောက် နောက်ဆုံးစစ်ပွဲကြီးမှာ ဘယ်လိုတွေတောင် ရုန်းကန်အစွမ်းပြမလဲဆိုတာ... ⚠️ ဘာသာပြန်သူ၏အချိန်ယူ ကြိုးစားအားထုတ်မှုကို လေးစားခြင်းအားဖြင့် ဘာသာပြန်သူခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူရောင်းစားခြင်းမပြုလုပ်ကြရန်...